တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲမြို့ နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကုန်ပစ္စည်းအနည်းအများလိုက် ငွေကြေးတောင်းခံမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.7k

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ မတ် ၁၆/၂၀၂၄


ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဒေသအတွင်း ပြည်သူများထံမှ ပစ္စည်းအနည်းအများပေါ် မူတည်ပြီး ဥပဒေမဲ့ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည်ဟု သတင်းရရှိသည်။

 

ပိုက်ဆံကိုယ်တိုင်ပေးခဲ့ရသူ အမျိုးသမီးတစ်ဦးက  လမ်းတွေ ပိတ်ထားတယ်ဆိုပြီးတော့  ဒါကို အခွင့်အရေးယူပြီး ခေါင်းပုံဖြတ အမြတ်ကြီးစားနေကြပါတယ်။  ဂိတ်တိမှာ စောင့်နေတဲ့ သူတွေက ဘယ်စ္စည်းဝယ်ဝယ် ဂိတ်ကို ဖြတ်မယ်ဆိုရင် ပစ္စည်းများရင် ကျပ် သောင်း ပစ္စည်းနည်း သောင်း ပေးရပါတယ်။  ဝယ်လာတဲ့ ပစ္စည်းတွေကလည်း သူတို့လိုချင်တာဆိုရင် တစ်ဝက်ပေးရပါတယ်။ ကျေးရွာ ဥက္ကဋ္ဌတွေက ပိုလို့ ဆိုးပါတယ်။  သံတွဲက ရွှေကျောင်းပြင်ဂိတ်မှာ ကျွန်မတိုကားကို တားလို့   သောင်း ပေးခဲ့ရပါတယ်ဟု ပြောကြားသည်။

 

၎င်းရွှေကျောင်းပြင်ဂိတ်တွင် ရဲသားနှင့် စစ်သားများရှိပြီး ယခုလို အတင်းဓမ္မ ငွေကောက်နေသည်မှာ ၂ လခန့်ရှိနေပြီဟု ပြောဆိုသည်။

 

  ခုလို ခေတ်မကောင်းချိန်မှာ ထမင်းတလုတ်စားရဖို့အတွက် အခက်အခဲကြားက ရုန်းကန် နေရတဲ့သူတွေ အများကြီးပါ။  ဒီလို မစာနာမထောက်ထားပဲ ဒီလုပ်နေတာတွေကို အသနားခံပနာ ပြောပြတာပါ။ အထက်က လူတွေသိစေချင်ပါတယ်။ ဒီအတွက်ကြောင့် တင်ပြလိုက်ရတာပါဟု၎င်းက ဆက်လက်ပြောကြားသည်။

 

သံတွဲမြို့ တွင် ဘားဒေါင့်ဂိတ်၊ စာနီတောင်ဂိတ်၊ ရွှေကျောင်းပြင်ဂိတ်များရှိပြီး ထိုဂိတ်များတွင်  စစ်ကောင်စီတပ်နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ စစ်ဆေးနေခြင်းဖြစ်ပြီး ထိုသို့ ငွေကြေးကောက်ခံနေကြာင်း သိရသည်။  

 

မတ်လ ၁၀ ရက်နေ့ကလည်း နိုင်ငံတွင်း တရားဝင်ခွင့်ပြုထားသည့် စားသောက်ကုန်များ တင်ဆောင်လာသည့် သုံးဘီးယာဉ် စီးခန့် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ငွေပေးမှ ပြန်လွတ်ပေးခဲ့သည်ဟု ဆိုသည်။  

 

လူတွေကို အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ကုန်တွေ သယ်ယူခွင့်ကန့်သတ်ထားတော့ ခက်ခဲလာပြီလေမနေ့ကလည်း တုတ်တုတ်သုံးဘီးတွေဖမ်းတယ်။ ငွေပေးတော့ အဆင်ပြေတယ်လို့ ကြားရတယ်။ ရေကြောင်းက သယ်တဲ့လှေ တစ်စီးဖမ်းမိတာ မောင်းတဲ့လူ ထွက်ပြေးသွားတယ်ပစ္စည်းတွေပဲမိတယ်လို့ သံတွဲ ဒေသခံ ကုန်စုံဆိုင် ရောင်းသူတစ်ဦးကပြောသည်။

 

၎င်းစစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ကလေးဒိုက်ဘာများ၊ အမျိုးသမီးလစဉ် သုံးဂွမ်းထုတ်များ၊ ဖုန်းအားသွင်းကြိုးများအထိသယ်ယူခွင့် ကန့်သတ်ထားပြီး ယခုရက်ပိုင်းတွင် အတင်းအကျပ် စစ်ဆေးမှုများ ရှိနေကြောင်း ဒေသခံများမှ နိရဥ္စရာသတင်းဌာန သို့ပြောသည်။

 

သံတွဲမြို့သို့ တောင်ကုတ်နှင့် ဂွမြို့နယ်တို့မှ ကွမ်းစားဆေးရွက်ကြီး၊ အချိုမှုန့်၊ စက်သုံးဆီနှင့် စားသုံးဆီများ၊ ကလေးဒိုက်ဘာများ၊ အမျိုးသမီးလစဉ် သုံးဂွမ်းထုတ်များ၊ ဖုန်းအားသွင်းကြိုး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ ကိုလည်း အကန့်သတ်ဖြင့်သာ သယ်ယူခွင့် ပေးထားသော်လည်း ငွေပေးမှသာလျှင် အဆင်ပြေကြောင်း သိရသည်။

 

သံတွဲမြို့မှတဆင့် ကျေးရွာများအား ပစ္စည်းများသယ်ယူရာတွင်ဆင်ခေါင်းကျေးရွာနှင့် ဂျိတ္တောကျေးရွာ တို့အား ပစ္စည်း သယ်ယူခွင့်ပိုမိုကန့်သတ်ထားပြီး စက်လှေကားများ၊ ဆိုင်ကယ်များ၊ သုံးဘီးယာဉ် များအား အတင်းအကြပ် စစ်ဆေးလေ့ရှိသည်။ ကန်သတ်ပစ္စည်းများတွေ့ရှိပါက ဒဏ်ငွေ တစ်သောင်းကနေ တစ်သိန်းအထိပေးရသည့်အပြင် ပစ္စည်းများကိုသိမ်းယူခြင်းများအထိရှိကြောင်း ဒေသခံများက ပြောဆိုသည်။

 

ဟိုနေ့က ဘိလပ်မြေသယ်တာ ပိုက်ဆံ ၃၀၀၀၀ သောင်းပေးခဲ့ရတယ်လို့ သိရတယ်။ စားဆီ တပိဿာ အထက် သယ်ခွင့်မပေးဘူး။ အခုပြည်သူတွေကသယ်ယူခပါ အပိုထပ်ဆောင်း ပေးနေရတယ်။ ကျေးရွာတွေက အိမ်ဆိုင်လေးတွေ အထိဆုံးပေါ့။ သူတို့ထိတော့ ဈေးတင်ရောင်းတယ်။ သူတို့ စျေးတင်ရောင်းတော့  ပြည်သူက အလုပ်အကိုင် ရှားပါးပြီး ငွေမရှိတော့ဝယ်မစားနိုင် ငတ်ပြီပေါ့ဟု ဒေသခံတစ်ဦး ကပြောသည်။

 

ရခိုင်တပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့အကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည် စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက် အချိန်မှစတင်ပြီး  တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် သံတွဲမြို့ နယ်တွင် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကို ရုတ်တရက်ပိတ်ဆို့လိုက်သဖြင့်  အခြေခံ စားသောက်ကုန်များ၊ လူသုံးကုန်ပစည်းများကို ကန့်သတ်ချက်များဖြင့် သယ်ယူ ပို့ဆောင်နေ ကြရခြင်း ဖြစ်ကြောင်းသိရ သည်။

 

ပြည်မမှ သယ်ဆောင်လာသည့် အခြေခံစားသောက်ကုန်၊ လူသုံးကုန်ပစည်းများကို သံတွဲမြို့သို့ သယ်ဆောင်မည့် ကုန် ားများသည် ကားပေါ်တွင်တင်မည့် ပစ္စည်းအမျိုးအမည်များကို စစ်ကောင်စီ ထွေအုပ်ရုံးသို့ တင်ပြရပြီး၊ ထောက်ခံချက်များနှင့်အတူ စစ်ဆေးရေးဂိတ်များအား ဖြတ်သန်းရကြောင်း ကုန်သည်များထံမှ သိရသည်။

 

ထိုသို့ ကုန်စည်များသယ်ယူ ခွင့်ကို ကန့်သတ်တားမြစ်ထားသဖြင့် ဂိတ်များတွင် အစောင့်ကျနေသည့် စစ်သား၊ ရဲသားနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသည် အဆိုပါ အခွင့်အရေးကို ကိုယ်ကျိုးအတွက် အသုံးချကာ တရားမဝင် ငွေကြေးကောက်ခံမှုများပြုလုပ်နေသည်ဟု ဒေသခံများက ပြောဆိုသည်။

 

ထိုသို့  ကုန်ပစ္စည်းများအပေါ် ငွေကြေး ကောက်ခံမှု ပြုလုပ်နေသဖြင့် စျေးဆိုင်များကလည်း စျေးတင်ပြီး ရောင်းချကြသဖြင့် ကုန်ဈေးနှုန်း ကြီးမြင့်မှု ဏ်ကို သံတွဲဒေသခံများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။

 

ရန်ကုန်မှ သံတွဲမြို့ သို့ပစ္စည်း သယ်ယူရန် ဂွမြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များကို ဖြတ်ရသည့် အပြင် ဧရာဝတီတိုင်းမှ  ငသိုင်းချောင်းမြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်များကိုလည်း ဖြတ်သန်း ရသည်ဟု သိရသည်။

 

လက်ရှိ အချိန်တွင် ပိတ်ပင်ထားသည့် စားသုံး ကုန်ပစ္စည်းများကို မှောင်ခိုသယ်ယူနေကြပြီး စစ်ကောင်စီ တာဝန်ရှိသူများမှာ သူဌေးဖြစ်နေကြပြီဖြစ်ကြောင်း ဒေသခံများမှ သုံးသပ် ပြောဆိုကြသည်။

 

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ဖြတ်လေးဖြတ်လုပ်ဆောင်ကာ မြို့ဝင်မြို့ထွက်များကို ပိတ်ဆို့ထားသည့်ချိန်တွင် တခြားတဖက်တွင်လည်း စစ်သား၊ရဲသားနှင့် ထွေအုပ်တို့က  ယခုကဲ့သို့ စီးပွား ရှာနေကြခြင်းဖြစ်ကြောင်းသိရ သည်။NN-20

 

ဆက်စပ် သတင်းများ