တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မယူကမ်း၊ အောင်ဗလကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်စစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.5k

နိရဥ္စရာ၊ ဇွန် ၅/ ၂၀၂၂
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ အောင်ဗလကျေးရွာကို ယမန်နေ့ ( ဇွန် ၄ ရက်) ည ၇နာရီခန့်လောက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာရှိ အိမ်များကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟုသတင်းရရှိသည်။
အဆိုပါအောင်ဗလကျေးရွာကို ယမန်နေ့ ဇွန်လ ၄ရက်နေ့ကည ၇နာရီခန့် လောက်တွင် စကစတပ်သား အင်အား၂၀ခန့်လောက် ဝင်ရောက်လာပြီး ကျေးရွာရှိအုပ်ချုပ်ရေးမူးနှင့် ရွာသားအချို့ကိုခေါ်ယူကာ အိမ်များကို ဝင်ရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။
ထိုသို့ စစ်ဆေးရာ၌ မိသားစုဝင်အရေအတွက်၊ သက်မွေးဝမ်းကျောင်းပြုသော အလုပ်များနှင့် အိမ်ထောင်စုစာရင်းများကို ဝင်ရောက် စစ်ဆေးခဲ့ကြသည် ဟုလည်း သိရသည်။
" ည ၇နာရီခန့်လောက်တော့ရှိမယ်၊ စကစတပ်သားအင်အား တစ်ဆယ်ကျော် ၂၀ခန့် လောက်ပေါ့။ ရွာထဲက အိမ်တွေကိုဝင်ရောက် စစ်ဆေးဖို့အတွက် အုပ်ချုပ်ရေးမူနဲ့ ရွာသားတစ်ချို့ကို ခေါ်ယူပြီး အိမ်တွေကို ဝင်ရောက် စစ်ဆေးတယ်၊ မိသားစုဝင်အရေအတွက်နဲ့ အိမ်ထောင်စုစာရင်းတွေကို စစ်ဆေးခဲ့တယ်" ဟု အောင်ဗလကျေးရွာ ရွာခံတစ်ဦးက ပြောသည်။
ထိုသို့ စကစမှ အိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာ သားများကို တစ်စုံတစ်ရာ အနှောင့်အယှက်ပေးမှု မရှိခဲ့သော်လည်း အိမ်များကို ဝင်ရောက်စစ်ဆေး၍ ရွာသူ၊ ရွာသားများမှာ ကြောက်လန့်ခဲ့ရသည်ဟုဆိုသည်။
" ရွာသားတွေကိုတော့ အနှောင့်အယှက်မပြုခဲ့ပါဘူး၊ အထက်က အမိန့်အရ ဒီအောင်ဗလရွာကို ဝင်ရောက်စစ်ဆေးရတာ ဖြစ်တယ်လို့ပြောပြီးတော့ သူတို့စိတ်ကြိုက် စစ်ဆေးပြီး ည၈နာရီလောက်မှာ ပြန်ထွက်သွားကြတယ်။ ဒါပေမဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေအနေနဲ့ အခုလို သေနတ်တွေကိုင်ပြီး ဝင်ရောက်စစ်ဆေးတော့ ကြောက်ကြရတယ်၊ ရွာသားတွေကို အနှောင့်အယှက် မပြုပဲ ပြန်ထွက်သွားကြတော့မှ စိတ်အေးရတယ်" ဟု အောင်ဗလကျေးရွာ ရွာခံတစ်ဦးက ဆက်ပြော သွားခဲ့သည်။
အဆိုပါဝင်ရောက်စစ်ဆေးမူနှင့်ပတ်သတ်၍ အောင်ဗလကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်မေးမြန်းရာ ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ။
စကစတပ်သားများက အောင်ဗလကျေးရွာသို့ ဝင်ရောက်စစ်ဆေးမူသည် ယခင်ကမရှိခဲ့ကြောင်း၊ ယမန်နေ့ ဇွန်လ ၄ရက်နေ့က ဝင်ရောက် စစ်ဆေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်းသိရသည်။ (NN-12)

ဆက်စပ် သတင်းများ