တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မန္တလေးတွင် မိခင်အိမ်အလည်လာသည့်စစ်သားတစ်ဦးအသတ်ခံရ၊ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်လည်း ဗုံးဖြင့်တိုက်ခိုက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6.2k

နိရဉ္စရာ၊ ဇွန် ၂၁/ ၂၀၂၂ ( မြန်မာသတင်း)
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် ရပ်ကွက်ကြီးထဲတွင် စစ်သားတစ်ဦး ယနေ့ ဇွန်လ (၂၁)ရက် နံနက်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံအချို့ကို ကိုးကားပြီး Myanmar Free Press ( MFP ) သတင်းဖော်ပြသည်။
မန္တလေးမြို့ အောင်ချမ်းသာရပ်ကွက်၊ ဝေယံထွန်းကုန်စိမ်းဈေးတောင်ဘက်က မိခင်အိမ်ကို အလည်ဝင်ရောက်သည့် အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
" သူက ဒီရပ်ကွက်ကတော့ မဟုတ်ဘူး၊ သူ့အမေအိမ် အခြားသွားဖို့ လာရင်း လမ်းကြုံလို့ ဝင်တဲ့အချိန် အပစ်ခံရတာ ကြားတယ်၊ (၄) ချက် အပစ်ခံရတာ၊ ပွဲချင်းပြီးပဲလို့ ကြားတယ် " လို့ ဒေသခံ တစ်ဦးက ပြောကြောင်း သတင်းတွင် ဖော်ပြသည်။
မည်သည့် အဖွဲ့အစည်းက ပစ်ခတ်သွားသည်ကို မသိရသေးကြောင်း၊
ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာကို စစ်ကောင်စီတပ်သားအချို့ ရောက်လာပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ဆိုကြပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း သံလျက်မှော် အနောက်ရပ်ကွက်ကြီးထဲတွင် သတင်းပေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင် (၄) ဦး ထက်မနည်း အသတ် ခံထားရသည်ဟု ဆိုသည်။
၎င်းအပြင် မန္တလေးမြို့ (၆၂)လမ်းပေါ်တွင် တည်ရှိသည့် နိုင်ငံခြားဘာသာ တက္ကသိုလ် (MUFL)ကို ယနေ့ ဇွန်လ (၂၁)ရက် အစောပိုင်းမှာ ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရကြောင်း Popular News တွင် သတင်းဖော်ပြသည်။
ယနေ့နံနက် ၆ နာရီခွဲခန့်က အနှိပ်တော်ရပ်ကွက်၊ ၆၂ လမ်း၊ ၂၂ လမ်းနှင့် ၂၃ လမ်းကြားရှိ နိုင်ငံခြားဘာသာတက္ကသိုလ်အား ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိ အမျိုးသား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်၍ မောင်းနှင် ထွက်ပြေးသွားခဲ့သည်ဟု သိရသည်။
လက်ပစ်ဗုံးမှာ ဆိုင်ကယ်များထားသည့် အဆောင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အမိုးသွပ်ပြားအချို့ ပျက်စီသွားခဲ့သည်။
( Photo by CJ)

ဆက်စပ် သတင်းများ