တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေကုန်တန်းရပ်ကွက်သို့ ညဉ့်အချိန်ဝင်ရောက်လာပြီး လူငယ်အချို့ကို ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k

နိရဉ္စရာ၊ ဇွန် ၂၃/၂၀၂၂
စစ်တွေမြို့ ကုန်တန်းရပ်ကွက်၊ အကွက်(၂) ဓမ္မာရုံရှေ့နှင့် BOC လမ်းတစ်လျှောက်တွင် လူငယ်အချို့ကို ယနေ့ ညဉ့်အချိန်က ၉ နာရီကျော်က စစ်သားများနှင့်ရဲသားများက ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ဒေသခံတစ်ဦး၏ ပေးပို့သောအသံဖိုင်တစ်ခုတွင် ကုန်တန်းအကွက်(၂) ဓမ္မာရုံရှေ့မှ လူငယ်အချို့ကို ဂုတ်ကိုဆွဲ၍ ကားပေါ်သို့ ခေါ်ယူသွားသည်ကို တွေ့မြင်ခဲ့ရကြောင်း၊ BOC လမ်းတလျှောက် ဖမ်းဆီးနေကြောင်း၊ အရေအတွက်ကို အတိအကျ မသိရသေးကြောင်း ပြောကြားသည်။
ဖမ်းဆီးစစ်ဆေးရာတွင် အရပ်ဝတ်စရဖများစီးလာသည့် ကားဖြူတစ်စီး၊ စစ်ကားတစ်စီးနှင့် ရဲကားတစ်စီတို့ ပါဝင်သည်ဟု သိရသည်။
စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကို အေအေက ဖမ်းဆီး သွားပြီးနောက် လုံခြုံရေး တင်းကျပ်ပြီး ဖမ်းဆီးစစ်ဆေးမှုများရှိနေသဖြင့် ယနေ့ ညနေပိုင်းမှစ၍ အများစုပြည်သူများမှာ လမ်းပေါ်မထွက်ကြတော့သလို စျေးဆိုင်များ၊ စားသောက်ဆိုင်များလည်း စောစီးစွာ ပိတ်သွားကြသည်ဟု ဆိုသည်။
အများပြည်သူများ ညအချိန် အိမ်ထဲတွင် ရှိနေချိန် ရပ်ကွက်များအတွင်းသို့ ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး ဖမ်းဆီးမှုများ ပြုလုပ်နေခြင်း ဖြစ်သည်ဟု ပြောဆိုသည်။
(ဓာတ်ပုံ- ညအချိန်ကုန်တန်းရပ်ကွက်အတွင်းသို့ ဝင်လာသည့် ကားနှင့် စစ်သား၊ ရဲသားများကို အမှောင်ထုတွင် တွေ့ရစဉ်)

ဆက်စပ် သတင်းများ