တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

လေးတောင်မြို့တွင် လူငယ် ၃ ဦးကို စစ်တပ်က ခေတ္တထိန်းသိမ်းပြီး ပြန်လွှတ်ပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

နိရဉ္စရာ၊ မေ ၂၈/၂၀၂၁

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ သရက်ချိုဘုန်းတော်ကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကြောင်း တစ်ခုမှ လူငယ် ဦးကို ခေတ္တ ထိန်းသိမ်းပြီး နောက်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ အရပ်လူကြီးတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ် သုံးဦးမှာ သရက်ချိုကျေးရွာမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားကြသည့် ကိုထူးထူးကျော်၊ ကိုဝင်းသက်ကျော်နှင့် စစ်တွေတက္ကသိုလ်တွင် တတိယနှစ် ပညာသင်ကြားနေသူ ငပြီချောင်းရွာမှ ကိုလူတာချေတို့ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

၎င်းလူငယ်သုံးဦးသည် မေလ ၂၇ ရက် နာရီခန့်က စစ်သားများ ယာယီစခန်းချနေသည့် လေးတောင်မြို့၊ သရက်ချိုဘုန်းတော်ကြီးကျောင်းရှေ့မှ ဆိုင်ကယ်ဖြင့် ဖြတ်သွားစဉ် စစ်ဆန့်ကျင်ရေး စကားလုံးများကို အော်ဟစ်ရာမှ ကင်းစောင့်နေသည့် စစ်သားများက သေနတ် တစ်ချက် ပစ်ဖောက်ပြီး  ၎င်း လူငယ် သုံးဦးကို ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

၎င်းလူငယ်သုံးဦးဖမ်းဆီးခံရပြီးနောက် အချိန်အနည်းငယ် အကြာတွင် ကျေးရွာလူကြီးများ၊ ဆွေမျိုးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အနီးအနားရှိ ရဲစခန်းမှ စခန်းမှူးတို့ ဘုန်းကြီးကျောင်းရှိ စစ်တပ်တာဝန်ရှိသူများနှင့် သွားရောက် ဖြေရှင်းရာမှ ၎င်းလူငယ်သုံးဦးကို ထိန်းသိမ်းထားရာမှ စစ်တပ်က ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ရမ်းဗြဲမြို့နယ် လေးတောင်မြို့သို့ အင်အား ၁၀၀ ခန့်ရှိသည့် တပ်မတော်စစ်ကြောင်း တစ်ခု လွန်ခဲ့သည်း သုံးရက်ခန့်ကတည်းက ရောက်ရှိနေပြီး လေးတောင်မြို့ သရက်ချိုဘုန်းတော်ကြီးကျောင်းနှင့် ဇရပ်ပြင် ဘုန်းကြီးကျောင်းတို့တွင် ယာယီတည်းခိုနေသည်ဟု သိရသည်။

ဆက်စပ် သတင်းများ