စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ချင်းပြည်နယ် တီးတိန် မြို့နယ်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ ဧပြီ၇/ ၂၀၂၂ (တိုင်းရင်းသားရေးရာ)

ချင်းပြည်နယ် တီးတိန်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး မနေ့ညနေက ပစ်သတ်ခံခဲ့ရကြောင်း ချင်းသတင်းဌာန တစ်ခုဖြစ်သော Chin world က သတင်းဖော်ပြသည်။


သေဆုံးသွားသည့် တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှုးမှာ ဦးကြည်မင်းထွန်း အသက် (၃၅ )နှစ် ဝန်းကျင် အရွယ်ဖြစ်ပြီး  တီးတိန်မြို့ကို ရာထူးတိုးဖြစ် ရောက်ရှိလာသည်မှာ ၁ နှစ်ဝန်းကျင်သာ ရှိသေးကြောင်း ဆိုသည်။


မြို့မ စျေးအနီးတွင် ရှိနေစဉ် အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ပစ်သတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးရုံကားဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း ဒေသခံများကို ကိုးကားပြီး ၎င်းသတင်းဌာနက ပြောသည်။


တီးတိန်မြို့ ဒေသခံတစ်ဦးက "မြို့မစျေးနားက လဖက်ရည်ဆိုင်မှာ ဒီနေ့ ညနေပိုင်းလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က ပစ်သတ်သွားတယ်လို့ သိရတယ်"ဟု ဆိုသည်။


အဆိုပါ သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်မှုမရှိသေးကြောင်း သိရှိရသည်။

ဆက်စပ် သတင်းများ