- Web Master
- ၀၆ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/၂၀၂၂ (နိုင်ငံတကာ)
တနင်္လာနေ့မွန်းလွဲပိုင်းက အာဖဂန်နစ္စတန်အနောက်ပိုင်း Badghis ပြည်နယ်၌ နာရီခြား၍ လှုပ်ခတ်သွားခဲ့သည့် ငလျင်နှစ်ခုအတွင်း အနည်းဆုံး လူ ၂၂ ဦး သေဆုံးခဲ့သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းငလျင်သည် တာ့ခ်မင်နစ္စတန်နယ်စပ်နဲ့ နယ်စပ်တလျှောက်ရှိ အာဖဂန်နစ္စတန်အနောက်ပိုင်းကို ဗဟိုပြုလှုပ်ခတ်သွားခဲ့ဟု ဆိုသည်။
အာဖဂန်နစ္စတန်အနောက်ပိုင်း၎င်းဒေသသည် တိုင်းပြည်၏ အဆင်းရဲဆုံးနှင့် မဖွံ့ဖြိုးသေးသော ဒေသများထဲမှ တစ်ခုဖြစ်သည်ဟု သိရသည်။
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန၏ တိုင်းတာချက်အရ ပြင်းအား ၅.၃ အဆင့်ရှိ ငလျင် သည် ဇန်နဝါရီ ၁၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ တွင် လှုပ်ခတ်ခဲ့ပြီး ပြင်းအား ၄.၉ ငလျင်သည် ညနေ ၄ နာရီတွင် လှုပ်ခတ်သွားခဲ့သည်ဟု ဆိုသည်။ ၎င်းငလျင်သည် ပြည်နယ်မြို့တော် Qala-e-Naw ၏ အရှေ့ဘက် ၄၁ ကီလိုမီတာ (၂၅ မိုင်) နှင့် အရှေ့တောင်ဘက် ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာကို ဗဟိုပြု လှုပ်ခတ်ခဲ့သည်ဟု တိုင်းတာချက်တွင် ဖော်ပြသည်။
အဆိုပါ ဒေသ၏ ဝေးလံခေါင်သီသော ကျေးရွာအချို့ကို ကယ်ဆယ်ရေးသမားများရောက်ရှိသွားပြီး သေဆုံးသူဦးရေ ထပ်မံတိုးလာမည်ကို စိုးရိမ်မှုများရှိနေဟု ဆိုသည်။
ပြည်နယ်ယဉ်ကျေးမှုနှင့် သတင်းပြန်ကြားရေးဌာန အကြီးအကဲ Bas Mohammad Sarwari က ငလျင်လှုပ်ခတ်မှုအတွင်း နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဒေသခံများသည် ကြောက်လန့်ပြီး ငလျင် လှုပ်ခတ်စဉ်အတွင်း ၎င်းတို့၏နေအိမ်များမှ နေပြီး ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသည်ဟု Sarwari ကဆိုသည်။
ပြည်နယ်မြို့တော် Qala-e-Naw ရှိ နေအိမ်အချို့မှာ အက်ကြောင်းများ ကြုံတွေ့ခဲ့ရသော်လည်း ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ကျယ်ကျယ်ပြန့်ပြန့် ပျက်စီးခြင်း မရှိခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။