- Web Master
- ၀၄ အောက်တိုဘာ ၂၀၂၄
“စစ်တွေမြို့တွင် ညအချိန်၌ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုများနှင့် လူသတ်မှုများ ပေါများလာနေ၍ ညအချိန်မတော်တွင် ဆင်ဆင်ခြင်ခြင်သွားလာသင့်ကြောင်းပြောဆို”
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နှစ်ရက်အတွင်း သေနတ်ပစ်ခတ်မှုတစ်ကြိမ်နှင့် ဓားထိုးမှုနှစ်ကြိမ် ဖြစ်ပွားခဲ့
အောက်တိုဘာလ ၅ ရက်၊ ညက စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် သေနတ်ပစ်ခံရ၍ ဖခင်ဖြစ်သူ ဦးမောင်စိန်တင်(၅၁) နှစ် သေဆုံးသွားပြီး သမီးဖြစ်သူမှာ သေနတ်ဒဏ်ရာများရရှိခဲ့၍ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၄ ရက်၊ ညကလည်း မင်းဂံရပ်ကွက်တွင် ဓားခုတ်ခံရ၍ အမျိုးသားတစ်ဦးသေဆုံးသွားခြင်း
စစ်တွေမြို့တွင် ညအချိန်၌ ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုများနှင့် လူသတ်မှုများ ပေါများလာနေ၍ ညအချိန်မတော်တွင် ဆင်ဆင်ခြင်ခြင်သွားလာသင့်ကြောင်
"အသက်ကို ဉာဏ်စောင့်ပါတယ်။ ညအချိန်မတော်ရင် မသွားလာသင့်တော့ဘူး" ဟုပြောသည်။
စက်ရုံစုရပ်ကွက်တွင်ဖြစ်ပွားခဲ့
ယင်းအနီးအနားရှိ ဒေသခံတစ်ဦးက "အရင်ရက်တွေတုန်းကလည်း အဲဒီ ALP ရုံးနားက ပစ်ခတ်သံတွေကြားရတယ်။ ဘာကြောင့်နဲ့ဖြစ်တာလဲတော့ မသိဘူး" ဟု ပြောသည်။
စစ်တွေမြို့၊ မင်းဂံရပ်ကွက်တွင် အောက်တိုဘာလ ၅ ရက်၊ ညကလည်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားခုတ်ခံရ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင်
ဆေးကုသမှုခံယူနေရသည်။
လက်ရှိအချိန်တွင် စစ်တွေမြို့၌ ခိုးမှု၊လုယက်မှု၊ လူသတ်မှုများ မကြာခဏဆိုသလိုဖြစ်ပွားလေ့ရှိနေ
စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက "နေနည်းနည်းမှောင်ရင်တောင် လူရှင်းတဲ့နေရာတွေကို မသွားရဲတော့ဘူး။ စိုးရိမ်စိတ်တွေနဲ့ပဲသွားလာနေ
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်တွေတွင် ရာဇဝတ်မှုများ တိုးပွားလာနေပြီး မကြာခဏဆိုသလို လူသတ်မှု၊ လုယက်မှု၊ ခိုးမှုများဖြစ်နေသော်လည်း ရဲတပ်ဖွဲ့က တစ်စုံတစ်ရာ နှိမ်နှင်း ခြင်းမရှိဘဲ ဖြစ်နေသည်မှာ တမင်တကာ မသိကျိုးကျွံ ပြုနေသလားဟု မေးစရာရှိနေကြောင်း မြို့ခံတစ်ဦးက ဝေဖန်ပြောဆိုသည်။
စစ်တွေမြို့တွင်ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှုများ၊ ခိုးမှု၊ လုယက်မှု၊ လူသတ်မှုတို့တွင် ပြစ်မှုကျူးလွန်ခဲ့သည့် တရားခံများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများက မှန်မှန်ကန်ကန် ရှာဖွေစုံစမ်းဖော်
ဓာတ်ပုံ-ရွှေရောင်မေတ္တာဖောင်ဒေ