တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သံတွဲမြို့နယ်မှ ဒေသခံတစ်ဦးကို စစ်ကောင်စီကဖမ်းဆီး


  • ရေးသူ: Web Master (NN 13)
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာကို ယမန်နေ့ ဒီဇင်ဘာ ၂၁ ရက်နေ့ ညနေ ၄နာရီခန့်တွင် စစ်ကားတစ်စီးဖြင့် စစ်ကောင်စီ ၂၀ ခန့်ကဝင်ရောက်လာပြီးရွာသားတစ်ဦးကို ဖမ်းဆီးသွားကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၄၀ ကျော်အရွယ် ဦးနာနီဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီများသည် ထိုရွာမှအုပ်ချုပ်ရေးမှူးနှင့် ရွားသားတစ်ဦးအား ဦးနာနီအိမ်သို့ လမ်းပြခိုင်းပြီးနောက် သူ့အိမ်သို့ရောက်သောအခါ သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးခေါ်ဆောငသွားကြောင်းဒေသခံတစ်ဦးက နိရဉ္စရာကိုပြောသည်။

" အုပ်ချုပ်ရေးမှူးနဲ့ ရွာသားတစ်ဦးကို လမ်းပြခိုင်းတာ။ သူ့အိမ်ကိုရောက်တာနဲ့ စစ်ကောင်စီ နှစ်ယောက်၊ သုံးယောက်က ဝိုင်းပြီး သေနတ်နဲ့လည်း တည့်ချိန်ထားပြီးဖမ်းသွားတာ။ ဘာကြောင့်ဖမ်းလေတော့ မသိဘူး။ ရိုက်ပုတ်တာတော့ မတွေ့ဘူး " ဟုပြောသည်

ဦးနာနီသည် သူ့မိသားစုနှင့်အတူ ကျပန်းအလုပ်ကို လုပ်ကိုင်စားသောက်နေသူတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းကို ငပလီမြို့ အမှတ် (၅၅) ခြေမြန်တပ်ရင်းသို့ဖမ်းဆီးခေါ်ဆောင်းသွားပြီး လက်ရှိအချိန်အထိ မိသားစုများနှင့် အဆက်အသွယ် မရရှိသေးကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က်ို မေးမြန်းနိုင်ခြင်း မရှိ၍ ဖမ်းဆီးရသည့် အဓိက အကြောင်းအရင်းကို သိရှိနိုင်ခြင်း မရှိသေးပါ။

စစ်ကောင်စီများသည် ထိုရွာသို့ မကြာခဏ စစ်ကြောင်းဝင်ရောက်လေ့ရှိသည့်အတွက်ကြောင့် ရွာသားများမှာ ကြောက်လန့်စိုးရိမ်မှုများလည်းရှိနေသည်ဟု ရွာသားများကပြောသည်။

 (NN-13)

ဆက်စပ် သတင်းများ