တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်းပို့ကုန်မှ ဝင်ငွေ ဒေါ်လာ ၄၇ဒသမ ၃၈ ဘီလီယံအထိ စံချိန်တင်ရရှိ


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 901

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း အထည်ချုပ်လုပ်ငန်းတစ်ခုတည်းမှ ပို့ကုန်ဝင်ငွေစုစုပေါင်း ဒေါ်လာ ၄၇ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့သည်ဟု သိရှိရသည်။

ဘင်္ဂလားဒေ့ရှ်ပို့ကုန်မြှင်တင်ရေးဗြူရို၏ ထုတ်ပြန်ချက်အရ ယခုဝင်ငွေမှာ ယမန်နှစ်ကထက် ၁၀ ဒသမ ၂၇ ရာနှုန်း ပိုများသည်ဟု ဆိုသည်၏။

အထည်ချုပ်ပို့ကုန်မှ ရရှိသော ဝင်ငွေ နှင့် အခြားပို့ကုန်များမှ ရရှိသော ဝင်ငွေမှာ ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အတွင်း စုစုပေါင်း ၅၅ ဒသမ ၅၆ ဘီလျံအထိ ရှိခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်ပို့ကုန်ဝင်မှာ ပို့ကုန်ဝင်ငွေအားလုံး၏ ၈၄ ဒသမ ၅၈ ရာခိုင်နှုန်းရှိသည်။

“ ဒါဟာ ကျဆင်းနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ကာလတစ်ခုကို ဖြတ်သန်းနေတဲ့ အချိန်မှာ ရရှိတဲ့ ထူးခြားတဲ့ အောင်မြင်မှုတစ်ခုပါပဲ” ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းရှင်များ နှင့် တင်ပို့သူများအသင်းဥက္ကဌ ဖာရွတ် ဟာဆန်က ပြောကြားခဲ့သည်။

NN-27

Ref:Daily Star


ဆက်စပ် သတင်းများ