စစ်ကောင်စီက
မြန်မာတစ်နိုင်ငံလုံးရှိ ခန့်မှန်းလူဦးရေစာရင်းကို ၂၀၂၃ ခုနှစ်
အောက်တိုဘာ ၁ ရက်နေ့ ထုတ်ပြန်ရာ ရခိုင်ပြည်နယ်တွင် လူဦးရေ
၃ ဒသမ ၄ သန်းရှိသည်ဟု ဖော်ပြထားကြောင်း သိရသည်။
အဆိုပါ
၃ ဒသမ ၄ သန်းတွင် အမျိုးသား ၁ ဒသမ ၆ သန်းနှင့် အမျိုးသမီးမှာ ၁ ဒသမ ၈ သန်း
ပါဝင်သည်ဟု ဆိုသည်။
၂၀၁၄ ခုနှစ်၊
လူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်းစာရင်းမှ ကောက်ယူရှိသော လူဦးရေကို အခြေခံ၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏
နှစ်လယ်ဖြစ်သော ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်တွင်ရှိသည့်
မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိပြီး ယင်းအထဲတွင်
ရခိုင်ပြည်နယ်၏ ခန့်မှန်းလူဦးရေမှာ ၃ ဒသမ ၄ သန်းအထိရှိသည်ဟု
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာနက
အောက်တိုဘာလ ၂ ရက်တွင် ထုတ်ပြန်လိုက်သည်။
အခြားတိုင်းနှင့်ပြည်နယ်များတွင်ဆိုလျှင် ကချင်ပြည်နယ်တွင်
၂ ဒသမ ၈သန်း၊ ကယားပြည်နယ်တွင် ၀ ဒသမ ၄ သန်း၊ ကရင်ပြည်နယ်တွင် ၁
ဒသမ ၆ သန်း၊ ချင်းပြည်နယ်တွင် ၀ ဒသမ ၅ သန်း၊ စစ်ကိုင်းတိုင်းဒေသကြီးတွင်
၅ ဒသမ ၇ သန်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၁ ဒသမ ၆ သန်း၊
ပဲခူးတိုင်းဒေသကြီးတွင် ၅ ဒသမ ဝ သန်း၊ မကွေးတိုင်းဒေသကြီးတွင် ၃ ဒသမ
၉ သန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ၆ ဒသမ ၈ သန်း၊ မွန်ပြည်နယ်တွင် ၁ ဒသမ
၉ သန်း၊ ရန်ကုန်တိုင်း
ဒေသကြီးတွင် ၉ ဒသမ ဝ
သန်း၊ ရှမ်းပြည်နယ်တွင် ၆ ဒသမ ၈ သန်း၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ၆
ဒသမ ၂ သန်းနှင့် နေပြည်တော်ကောင်စီတွင် ၁ ဒသမ ၄ သန်းဟု
ခန့်မှန်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် လာမည့်ရွေးကောက်ပွဲအတွက်
ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ပြောဆိုထားသည်။
သန်းခေါင်စာရင်းကောက်ယူရာတွင်
တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင် ထားနိုင်ရေးအတွက်
စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းကို ယခုနှစ် ၂၀၂၃ ခုနှစ်၊
အောက်တို ဘာလတွင် မြို့နယ်ပေါင်း(၂၀)ရှိ စာရင်းကောက်ကွက်
(၁၀၀) တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။
ကောက်ယူရာတွင်လည်း
Mobile Tablet များအသုံးပြုကာ
Computer Assisted Personal Interviewing(CAP)စနစ်ဖြင့် ကောက်ယူမည်ဖြစ်ကြောင်း
သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၄
ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးမှသာ မဲစာရင်းကို ပြုစုနိုင်မည်ဖြစ်ကြောင်း
ပြီးခဲ့သည့်စက်တင်ဘာလ ၁ ရက်နေ့က နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး၌ ပြုလုပ်သည့် အစည်းအဝေးတွင်
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း
သိရသည်။
သန်းခေါင်းစာရင်းကောက်ယူနိုင်မှသာလျှင်
အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ မှန်ကန်စွာထုတ်ပြန်နိုင်မည်ဟုလည်း
စစ်ကောင်စီက ပြောဆိုထားသည်။ (NN-11)