တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

မူဆယ်တွင် ရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်ခံရပြီး အခင်းဖြစ်ပွားရာ၌ ပွဲချင်းပီးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 3.1k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂/ ၂၀၂၃

 

ရှမ်းပြည်နယ် ( မြောက်ပိုင်း) ၊ မူဆယ်မြို့တွင် ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်)  နံနက်ပိုင်း ၁၀ နာရီ အချိန်ခန့်က ဒုရဲအုပ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး အခင်းဖြစ်ပွားရာနေရာ ၌  ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ က ပြောသည်။

 

သေဆုံးသူ ရဲအုပ်သည် အသက် ၃၀ နှစ်အရွယ် ဟိန်းဇော်ထွန်းဆိုသူဖြစ်ပြီး ဦးခေါင်း၊ မေးစေ့နှင့် အခြားဦးခေါင်း ပိုင်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 

မျက်မြင်ဒေသခံ တစ်ဦးက ဘာလို့လဲတော့ မသိဘူး။ ဆိုင်ကယ်နဲ့ လာပစ်တာ။ လေးငါးချက်လောက် ပစ်ခံလိုက်ရတာ မသေပဲ နေမလား။ ပွဲချင်းပြီးပဲဟု ပြောသည်။

 

အခင်းဖြစ်ပွားရာနေရာသည် မူဆယ်မြို့ရှိ ၁ လမ်းမောင်း ၅ သုံးလုံး လမ်းကြားတွင် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

 

 

ဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ လက်အောက်ခံအဖွဲ့များရောက်ရှိလာကာ ပတ်ဝန်းကျင် စစ်ဆေးမှုများ၊ CCTV မှတ်တမ်းရှိမရှိ စစ်ဆေးမှုများ၊ ပိတ်ဆို့ ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။ (NN – 25)

 

ဓာတ်ပုံ - သေဆုံးရုပ်အလောင်း

ဆက်စပ် သတင်းများ