တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် အမည်မသိ အမျိုးသားတစ်ဦး၏ အလောင်းကို ကန်တော်ကြီး၌ တွေ့ရှိပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 8.7k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၃/၂၀၂၃

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တစ်မြို့လုံးကို ရေဖြန့်ဝေပေးနေသည့် ကန်တော်ကြီး ကန်ဘောင်၌ ယမန်နေ့က အမည်မသိ အမျိုးသားတစ်ဦး၏အလောင်းကို ယမန်နေ့ ညက ွေ့ရှိခဲ့သည်ဟု သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်၊ ည ၉ နာရီခွဲခန့်က အဆိုပါအမျိုးသား အလောင်းကို ယင်းအနီးအနားမှ ဒေသခံတချို့က တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အလောင်းကို သွားရောက်သယ်ယူခဲ့သည့် ရွှေရောင်ဖောင်ဒေးရှင်းအသင်းမှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုသာဂီဖြိုးက နိရဉ္စရာကိုပြောသည်။

ဒေသခံတွေက ဖုန်းဆက်ခေါ်လို့ အလောင်းကို ရင်ခွဲရုံကိုပို့ထားပါတယ်။ ပြင်ပ ဒဏ်ရာတွေတော့ မရှိပါဟုပြောသည်။

သေဆုံးသူမှာ အသက် ၂၀ မှ ၃၀ ဝန်းကျင်ကြားအရွယ်ရှိသူဖြစ်ပြီး လက်ရှိတွင် မိသားစုနှင့်လည်း အဆက်အသွယ်မရသေးဟု ဆိုသည်။

အဆိုပါအမျိုးသား မည်သို့သေဆုံးခဲ့ရသည်ကို နိရဉ္စရာ သတင်းဌာနအနေနှင့် အသေးစိတ် စုံစမ်းနေတုန်းဖြစ်သည်။

ရခိုင်ပြည်နယ်အစိုးရ ရုံးစိုက်ရာ မြို့တော်စစ်တွေတွင် ယမန်နေ့ ဖေဖော်ဝါရီ ၂၂ ရက်က ဖုန်းလုယက်ခံရမှုများရှိခဲ့ပြီး ကန်တော်ကြီးဘေး ဝင်လမ်းတွင် ချိန်းတွေ့နေသည့် လူငယ်စုံတွဲတစ်တွဲထံမှလည်း ဖုန်းလုယက်ကာ အဆိုပါစုံတွဲမှ လူငယ်အမျိုးသား ဓားထိုးခံလိုက်ရ၍ ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ် သတင်းများ