တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

ပုဇွန်တောင် CB ဘဏ်ကို ဓားပြဝင်တိုက်သူ ၂ ဦး ဘဏ်အထွက်တွင် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 8.6k

နိရဥ္စရာ၊ မတ် ၁/ ၂၀၂၃

ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ  CB ဘဏ်တွင်  မတ်လ ၁ရက်နေ့ ယနေ့ မနက် ၁၀နာရီ ခန့်က ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါ ဓါးပြဝင်တိုက်သူ ၂ ဦး ကို ဘဏ်အပြင်အထွက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ရကြောင်း သိရှိရသည်။

၎င်းဖြစ်စဥ်နှင့်ပတ်သက်ပြီး  ကိုယ်တိုင်မြင်တွေခဲ့ရသူ တစ်ဦးက "ဘဏ်ရှေ့ ရုတ်ရုတ်ဖြစ်လို့ သွားကြည့်ဖြစ်တာ အဲ့မှာ ဘဏ် ဓါးပြတိုက်တဲ့သူ မိတာဆိုပြီး ၂ ယောက်ကို  ဖမ်းထားတာ တွေခဲ့ရတယ်" ဟုပြောဆိုသည်။

CB ဘဏ်  အတွင်း ကောင်တာ စားပွဲပေါ်မှ ငွေကျပ်သိန်း ၆၅၀ ကို ဓါးပြတိုက် လုယူ ထွက်ပြေးသွားခဲ့ခြင်းကြောင်း ၎င်းက ရှင်းပြသည်။

ဓါးပြတိုက်သူ ၂ဦးသည်  ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်သူ ကိုသူထူးအောင် (၁၅ နှစ်)နှင့် ကိုသန့်စင်အောင် (၁၄ နှစ်) တို့ဖြစ်ကြောင်း စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်များတွင် ဖော်ပြပြောဆိုထားကြောင်း တွေ့ရှိရသည်။

၎င်းတို့ ထံမှလည်း ပစ္စတိုသေနတ် အတု (၁) လက်၊ ဓါးမြှောင် (၂) ချောင်း သိမ်းဆည်း ရမိခဲ့ကြောင်း ကိုလည်း ပြောဆို ထားသည်။


(NN - 25)
ဓါတ်ပုံ - ဖြစ်စဥ် ဖြစ်ပွားခဲ့သည့် CB ဘဏ် 

ဆက်စပ် သတင်းများ