- Web Master
- ၂၂ အောက်တိုဘာ ၂၀၂၄
ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံပြည်သူ ထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သတင်းရရှိသည်။
ရမ်းဗြဲမြို့ခံတစ်ဦးက " မနေ့ကတည်းက ၈၀ရာခိုင်နူန်းလောက်မြို့ပေါ်မှာမရှိကြတော့ဘူး။ ဒီနေ့မှာ ကျန်တဲ့လူတွေ အားလုံးကို
ဒီနေ့ နေ့လယ်အပြီး ရှောင်ခိုင်းထားကြတယ်။ ကိုယ့်တပ်တော်ဖက်က ရှောင်ခိုင်းတာပါ။ စစ်ကောင်စီဘက်က အပြစ်မဲ့ဒေသခံတွေကို အချိန်မရွေး အန္တရာယ်ပေးနိုင်တဲ့ အခြေနေတွေကြောင့်
ရမ်းဗြဲမြို့ပေါ်တွင်
လူဦးရေ ၈၀၀၀ နီးပါးခန့်ရှိပြီး ယနေ့နံနက်ပိုင်းအထိ ထွက်ပြေးတိမ်းရှောင်သူများ ဆက်လက်ရှိနေကာ
လက်ရှိတွင် ရမ်းဗြဲမြို့ပေါ်မှ ပြည်သူများသည် နီးစပ်ရာ ကျေးရွာအချို့တွင် ခိုလှုံနေကြရကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာလ (၁၈) ရက်နေ့၊ နံနက် (၈) နာရီ (၁၃) မိနစ်အချိန်တွင် ရမ်းဗြဲမြို့၏ တောင်ဘက် မီတာ (၂၀၀) ကျော်ခန့်အကွာအဝေးရှိ အောင်ချမ်းသာစေတီတည်ထားရာ တောင်ပေါ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရက္ခိုင့်တပ်တော်တို့ ရုတ်ချည်းရင်ဆိုင်ထိတွေ့တိုက်ပွဲ
၎င်းတိုက်ပွဲသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရမ်းဗြဲကျွန်းပေါ်၌ ပထမဆုံး ဖြစ်ပွားခဲ့သည့် တိုက်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရမ်းဗြဲမြို့တွင် ယမန်နေ့ တိုက်ပွဲသည် နံနက် ၇ နာရီကျော်အချိန်က စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်စွဲထားသည့် ရမ်းဗြဲမြို့၊ မြို့မဈေးကြီးအနီး သိမ်တောင်တွင်လည်း ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများကပြောသည်။
ယနေ့ ဒီဇင်ဘာ ၁၉ရက်နေ့တွင် နံနက်ကတည်းက ရမ်းဗြဲမြို့ ပေါ်အခြေအနေ တည်ငြိမ် လျက်ရှိသော်လည်း ည ၈ နာရီ ကျော်မှ မိုးတလင်းအထိ သေနတ်သံများကို ကြားခဲ့ရကြောင်း၊ ယနေ့နံနက်ပိုင်းကလည်း အပြန်အလှန် ပစ်ခတ်သံများကို ကြားခဲ့ရသည်ဟု ဘုန်းတော်ကြီးကျောင်းတွင် ဝင်ပုန်းနေရသည့် ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။
“ အခြေအနေက ငြိမ်တယ်လို့ ပြောလို့ မရဘူး။ မနက်အထိ သေနတ်သံတွေကို ကြားခဲ့ရတယ်။ ဒီနေ့ မနက်ပိုင်းမှာလည်း အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေကို နံနက် ၁၁ နာရီကျော်အချိန်က စပြီး ၁၅ မိနစ် တစ်ကြိမ်ခန့် ကြားနေရပါတယ်။ သံဇစ်မြစ်၊ ကလိန်တောင်မြစ်နဲ့ စပါးကြီးမြစ်မှာရှိတဲ့ နေဗီတွေကပစ်တာလား။ သေချာတော့ မသိရသေးဘူး”ဟု ၎င်းက ပြောသည်။
ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း လောင်းချောင်း ရပ်ကွက်မှ ဒေသခံသက်ကြီးပိုင်း အမျိုးသား (၁) ဦးမှာ ကျည်စ ထိမှန်၍ သေဆုံးခဲ့ကာ ၎င်းရပ်ကွက်မှပင် အရွယ်မရောက်သေးသော မိန်းကလေး (၂) ဦး အပါအဝင် ညောင်ပင်လှကျေးရွာမှ အမျိုးသား (၁) ဦးမှာလည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သည်ဟု သိရသည်။
တစ်ခြားအထိအခိုက်ပျက်စီးမူ သွားရောက်မကြည့်ဝံ့၍ သေချာမသိရသေးဟု ၎င်းက ပြောဆိုသည်။
ယမန်နေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့
ဓာတ်ပုံ- ရမ်းဗြဲမြို့လယ်တစ်နေရာ (ပုံဟောင်း)