တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်တွေတွင် ဗုံးပေါက်ကွဲပြီးနောက် လုံခြုံရေးတင်းကျပ်


  • ရေးသူ: Web Master (NN 03)
  • | ရက်စွဲ: ၁၉ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 3.1k

စစ်တွေမြို့ ကိုးရီယားဆိပ်ကမ်း တံတားအနီးတွင် ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက် နေ့လယ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁၂ နာရီကျော် အချိန်ခန့်တွင် စစ်တွေ၊ ကိုးရီးယားဆိပ်ကမ်း တံတားအနီး မြစ်နားဘက်တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။

“ကိုးရီးယား ဆိပ်ကမ်း မြို့လယ်ချောင်း၀ကို ဖြတ်ပြီး တံတားအသစ်တစ်ခုလုပ်ထားတယ်လေ။ ဒေသအခေါ် ကုလားချောင်းကို ဖြတ်ပြီးထိုးတာ။ အဲဒီတံတားနားမှာ ပေါက်ကွဲတာ။ မိဇံဘက်ခြမ်း ကျမယ်” ဟုပြောသည်။


အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကြောင့် ကိုးရီးယားဆိပ်ကမ်းတွင် စစ်တပ်နှင့် ရဲအင်အား အများအပြားချထားလိုက်ပြီး ဆိပ်ကမ်းထဲကို မည်သူတစ်ဦးတစ်ယောက်ကို ဝင်ခွင့်မပြုတော့ဟု မြို့ခံများက ပြောကြသည်။

“မနေ့က ကိုးရီးယားဆိပ်ကမ်းမှာ စျေးရောင်းနေကြတဲ့ စျေးသည်တွေ အကုန်လုံး ထွက်ပြေး လာကြရတယ်။ ဗုံးပေါက်ကွဲလို့ ထွက်ပြေးလာတဲ့ စျေးသည်တွေရဲ့  ပစ္စည်းတွေကို မြို့ထဲက  ဝင်္ကဘာကွင်းနားမှာတောင် ပုံလို့မြင်လိုက်တယ်။ ဘယ်က ဖောက်ခွဲတာလဲတော့ မသိဘူး” ဟုပြောသည်။

ရခိုင်ပြည်အနှံ့ ဖြစ်ပွားနေသော စစ်ပွဲများကြောင့် စစ်တွေတွင်လည်း မတည်ငြိမ်မှုနှင့် ဂယက်ရိုက်ခတ်မှုဖြစ်ပေါ်နေပြီး မြို့ပေါ်ကနေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေသည်ဟု သိရသည်။

ယမန်နေ့ကလည်း ည ၇ နာရီအချိန်မှ ၉ နာရီခန့်အထိ စစ်တွေတွင် စစ်ကောင်စီ တပ်ရင်းများမှ လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ