သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

(၄၄) ကြိမ်မြောက် မောင်တောမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 2.1k

သျှင်မင်းဇံ၊
နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၂
(၄၄) ကြိမ်မြောက် မောင်တောမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲကို နှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်နေ့ က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး အသက် ၈၀ အထက် အဘိုးအဖွား ၁၁၄ ဦးကို ပူဇော်ခဲ့ကြသည်ဟု သိရသည်။
ယခုနှစ်ကျင်းပသည့် သက်ကြီးပူဇော်ပွဲမှာ (၄၄) ကြိမ်မြောက်ဖြစ်ပြီး စဥ်လာမပျက် နှစ်စဉ် ကျင်းပလာခဲ့သည့် အခမ်းအနားတစ်ခုဖြစ်ကြောင်း၊ သက်ကြီးပူဇော်ပွဲကို မောင်တောမြို့ သာသနာ့ ဗိမ္မာန်တွင် ပြုလုပ်ကျင်းပခဲ့ပြီး မောင်တောမြို့သူ မြို့သားများက ပူဇော်ကန်တော့ခဲ့ကြသည်။
မောင်တောမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲစီမံကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှစိန်က" ဒါကတော့ မောင်တောမြို့မှာ အစဥ်အလာမပျက် လုပ်တဲ့ ပူဇော်ကန်တော့ပွဲတစ်ခုပါ။ ခုလိုမျိုး အစဥ်အလာမပျက် အဘိုးအဘွားတွေကို ပူဇော်ကန်တော့ရလို့ ဝမ်းသာ ပီတိဖြစ်ရပါတယ် " နိရဉ္စရာ သတင်းဌာနကို ပြောသည်။
မောင်တောမြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲတွင် ပူဇော်ခံသက်ကြီးတစ်ဦးလျှင် ကျင်းပရေးကော်မတီမှ ငွေ ၈ သောင်းကျပ်၊ မောင်တောခရိုင်စီမံခန့်ခွဲရေးဌာနမှ တစ်ဦးလျှင် ၂ သောင်းကျပ်နှင့် အခြားအလှူရှင်များကလည်း ပစ္စည်းအမျိုးမျိုးဖြင့် ပူဇော်ကန်တော့ခဲ့သည်ဟု သိရသည်။
ရခိုင်နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဥ် ကျင်းပပြုလုပ်သည့် သက်ကြီးပူဇော်ပွဲမှာ ရခိုင်ရိုးရာ အစဉ်အလာကောင်းမြတ်သော ပူဇော်ပွဲတစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ် မြို့တိုင်းရွာတိုင်းတွင် သင်္ကြန် အလွန် နှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်ကြသည်။
photo - U Ohnn facebook

ဆက်စပ် သတင်းများ