သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရမ်းဗြဲတွင် အမျိုးအဆွေရွာလည်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.5k


နိရဥ္စရာ၊ မေ ၂၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ရမ်းပေါက်ကုန်ဘောင်ကျေးရွာတွင် အမျိုးအဆွေရွာလည်ပွဲကို ရိုးရာစဉ်လာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဟု သိရသည်။
အဆိုပါပွဲကို ဘိုးဘွားစဉ် လာမပျက် ရိုးရာကိုထိန်းသိမ်းသည့်အနေဖြင့် လာမည့် ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့အထိ ၂ ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါပွဲသည် ရိုးရာအစဉ်အလာကိုထိန်းသိမ်းသည့်ပွဲဖြစ်သည့်အပြင် မိုးရာသီ လုပ်ငန်းခွင်ဝင်ရာ၌ အဆင်ပြေစေရန်၊ သီးနှံအထွက်တိုးရန်နှင့် ကျေးရွာသူ ကျေးရွာသားများလည်း စည်းလုံးညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမူမရှိစေရန်အတွက် ယခုလိုကျင်းပရခြင်းဖြစ်သည်ဟု ရမ်းပေါက်ကုန်ဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေတင်က ပြောသည်။
“ဒီနှစ်တော့ တခြားနေရာဒေသက ဝန်ထမ်းတွေ၊ ဌာနဆိုင်ရာတွေ အသီးသီးက လူတွေ လာရောက်နိုင်ဖို့အတွက် ဇွန်လ ၄ ရက်၊ ၅ ရက်နေ့(စနေ၊ တနင်္ဂနွေနေ့) ကို ကျင်းပသွားမယ်" ဟု ပြောသည်။
အဆိုပါအမျိုးအဆွေရွာလည်ပွဲကို နံနက် ၉ နာရီမှ နေလယ် ၃ နာရီခွဲအထိ ရွာတောင်ပိုင်းဘက်မှတစ်ရက်၊ မြောက်ပိုင်းဘက်မှတစ်ရက် ခွဲကာပွဲကျင်းပခြင်းဖြစ်သည်။
တောင်ပိုင်း၌ အမျိုးအဆွေရွာလည်ပွဲကျင်းပလျှင် မြောက်ပိုင်းမှရွာသားများက လာရောက်လည်ပတ်ကြပြီး မြောက်ပိုင်း၌ ပွဲကျင်းပလျှင် တောင်ပိုင်းမှရွာသားများက လာရောက်လည်ပတ်ကြောင်းလည်း သိရသည်။
ယင်းသို့လည်ပတ်ကြရာတွင် ပုံစံမျိုးစံဖြင့်ဝတ်စားဆင်ယင်ကာ ပျော်ရွှင်စွာတီးမှုတ်ကခုန်၍ သွားရောက်လည်ပတ်တတ်ကြသည်ဟုလည်း သိရသည်။
ယင်းပွဲကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့သော်လည်း ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ကိုဗစ်ရောဂါဖြစ်ပွားမှုကြောင့် ပွဲမကျင်းပနိုင်ခဲ့ဘဲ ၂၀၂၁ ခုနှစ်မှစတင်ကာ ပြန်လည် ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။ (NN-12)
Photos - NyanLay's Travellin'

ဆက်စပ် သတင်းများ