တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှင်အမျိုးသမီးများ၊ မသန်စွမ်းသူများမှအပ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြားရှိသူများ စစ်မှုထမ်းရမည့် ဥပဒေစစ်ကောင်စီအတည်ပြု


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၁၁ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 15.7k

သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်ရှင်အမျိုးသမီးများ၊ မသန်စွမ်းသူများမှအပ အသက် ၁၈ နှစ်နှင့် ၄၅ နှစ်အကြားရှိသူများ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကိုစစ်ကောင်စီ အတည်ပြုသတ်မှတ်လိုက်ပြီဖြစ်သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ၎င်း ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်သည့်နေ့ အဖြစ်သတ်မှတ်ကြောင်း ကြေညာသည်။

ထိုဥပဒေတွင် မြန်မာနိုင်ငံရှိ အမျိုးသားဆိုလျှင် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းနှင့် အမျိုးသမီး ၁၈ နှစ်မှ ၂၇ နှစ်အတွင်း နိုင်ငံသားတိုင်း နှစ်အထိ စစ်မှုထမ်းရမည်ဟုဆိုသည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြား အတတ်ပညာ တစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဆိုလျှင် အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများ စစ်မှုထမ်းရမည်ဟု သတ်မှတ်ထားသည်။

စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်းကို  နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တပ်မတော်စက်မှုလက်မှု ပညာသည်များ နှင့် ဆရာဝန်၊ အင်ဂျင်နီယာစသည့် ကျွမ်းကျင်သူများကို  နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်သည်ဟု ဖော်ပြထားသည်။

အရေးပေါ်အခြေအနေဖြစ်ပေါ်လျှင် စိုးရအဖွဲ့သည် ပြည်သူ့စစ်မှု ထမ်းရန်ကာလကို ()နှစ်အထိတိုးမြှင့်သတ်မှတ်နိုင်သလို စစ်မှုထမ်းခြင်းကို ငြင်းဆိုပါက ထောင်ဒဏ် နှစ်အထိချနိုင်ကြောင်းလည်း ထိုဥပဒေတွင် ပြဋ္ဌာန်းထားသည်။

စစ်မှုထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားသည့် အဆင့်အလိုက်လစာနှင့် စရိတ်အတိုင်း ခံစားခွင့် ရရှိမည်ဖြစ်ပြီး စစ်မှုထမ်းကာလအတွင် သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်းများ ရှိခဲ့လျှင် တာ၀န်၀တ္တရားထမ်းဆောင်ခြင်းနှင့် အကျုံး၀င်ပါက သတ်မှတ်ထားသော ခံစားခွင့်များရရှိမည်ဟုလည်း ဆိုသည်။

၎င်းဥပဒေမှ ကင်းလွတ်ခွင့်ရမည့်သူများမှာ သာသနာ့ဝန်ထမ်းများ၊ အိမ်ထောင်သည် အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူများ၊ ကျန်းမာရေးအဆင့်မမီသူနှင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဘုတ်အဖွဲ့က ကင်းလွတ်ခွင့်ပြုထားသူများဟု ပါရှိသည်။

ယခုထုတ်ပြန်သည့်ဥပဒေသည် ၂၀၁၀ ကတည်းက စစ်ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်သန်းရွှေ အမိန့်ဖြင့်ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ (NN-7)

 

ဆက်စပ် သတင်းများ