တနင်္လာ၊ မေလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက ဖမ်းဆီးထားသည့် ရခိုင်လူမျိုး ၁၀၀ ကျော် ၅ရက်ကြာသည်အထိ အဆက်အသွယ်မရ ပျောက်ဆုံးနေ


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၅ ဖေဖော်ဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 5.8k

(ပျောက်ဆုံးနေသူများအထဲတွင် မြေပုံမြို့နယ် ယိုးချောင်းရွာသာယာက လူငယ် ၁၄ ဦး ပါဝင်)

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် (၉) နာရီအချိန် ရန်ကုန်၊ အောင်မင်္ဂလာ အဝေးပြေးကွင်းမှ ရခိုင်ဘက်သို့ ဦးတည်ထွက်ခွာလာသော (အောင်စစ်ခိုင်) ခရီးသည်တင်ကား (၂) စီး အပါအဝင် ရခိုင်သို့ပြေးဆွဲနေသော ခရီးသည် တင်ကား (၃) စီးပေါ်မှ ရခိုင်လူမျိုး (၁၀၀) ကျော်အား စစ်တပ်က ဖမ်းဆီးခဲ့သည်။

ယင်းနောက် ခရီးသည် တင်ကား (၃) စီးကို စစ်တပ်ထဲသို့ မောင်းခိုင်းပြီး ခရီးသည် တင်ကားပေါ်မှ ခရီးသည်များအား အကုန်လုံး ဆင်းခိုင်းကာ ဖမ်းဆီးသွားသည်ဟု ဖမ်းဆီးခံရသူ မိသားစုများက နိရဉ္စရာသတင်းဌာနကို ပြောကြားသည်။

“  အဲဒီကားတွေကို အောင်မင်္ဂလာကားဂိတ်က အထွက် ရွှေပြည်သာလမ်းမှာ ဖမ်းတယ်လို့ သိရပါတယ်။ ဖမ်းပြီးတော့ အနီးအနားရှိ စစ်တပ် တပ်ရင်းတစ်ခုထဲကို ခေါ်သွားပါတယ်။ အားလုံးကို ကားပေါ်က ဆင်းခိုင်းပြီး ရဟန်းတော်တစ်ပါးကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့ သူ ၁၀၀ ကျော်ကို ဖမ်းသွားတယ်လို့ သိရပါတယ်။ လွတ်လာတဲ့ ရဟန်းတော်ကို အဖမ်းခံရတဲ့သူတွေကို အခြေအနေကို မေးတော့ အတိအကျ မဖြေတဲ့ အတွက် သူတို့ အခြေအနေကို အတိအကျ မသိရဖြစ်နေပါတယ်”ဟု ပြောကြားသည်။

၎င်းရဟန်းတော်မှာ မြောက်ဥက္ကလာ ရခိုင်ဘုန်းတော်ကြီး ကျောင်းတိုက် တစ်ခုမှ ရဟန်းတော် ဦးအိန္ဒိရ ဖြစ်ပြီး ၎င်းရဟန်းတော်က ဦးဆောင်ပြီး ပို့ဆောင်ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောကြားသည်။

ထိုဖမ်းဆီးခံရသူများအထဲက မြေပုံမြို့နယ် ယိုးချောင်း ရွာသာယာကျေးရွာမှ ခရီးသည် လူငယ် (၁၄) ဦး ပါဝင်သည်ဟု မိသားစုများနှင့် နီးစပ်သူ တစ်ဦကပြောသည်။

၎င်းတို့မှာ ရဲဝင်းလှိုင်(ဘ) ဦးဘတင်- ၁၁/မပတ(နိုင်) ၀၉၀၈၂၄၊  ဖြိုးထူးစံ(ဘ) ဦးတင်လှ- ၁၁/မပတ (နိုင်) ၁၄၀၈၈၀၊ ဘိုစောဟိန်း (ဘ) ဦးအောင်မိုးသိန်း- ၁၁/မပတ(နိုင်) ၁၃၂၀၆၁၊  ဦးဝင်းကျော်(ဘ) ဦးမောင်လှဝင်း-  ၁၁/မပတ(နိုင်) ၁၂၉၆၅၄၊  စုလင်းရွှေ(ဘ)ဦးလှထွေး- ၁၁/မပတ(နိုင်) ၁၂၉၆၈၉၊  စိုးမြင့်မော် (ဘ) ဦးဆိတ်ဖြူ ၁၁/မပတ(နိုင်) ၁၂၉၆၈၆၊ အေးချမ်းတင်(ဘ) ဦးမောင်အေးမြင့် ၁၁/မပတ(နိုင်) ၁၂၉၆၂၇၊ မအေးဆန်းဝင်း(ဘ) ဦးအောင်သိန်းမြ - ၁၁/မပတ(နိုင်) ၁၂၇၆၆၁၊ မချိုချိုသန်း (ဘ)ဦးစောမောင်- ၁၁/မပတ(နိုင်) ၁၂၂၆၅၀၊  မမိုးထက်သူ (ဘ)ဦးမြင့်တင်- ၁၁/မပတ(နိုင်) ၁၂၂၆၂၈၊ မချစ်ဆန်းခင်(ဘ)ဦးမောင်ရွှေသန်း ၁၁/မပတ(နိုင်) ၁၂၈၆၀၃၊ မဖြူဖြူစိုး (ဘ) ဦးမင်းလွင်- ၁၁/မပတ(နိုင်) ၁၄၀၇၄၁၊  မအေးသီတာ (ဘ) ဦးမောင်စောမြင့်- ၁၁/မပတ(နိုင်) ၁၂၉၆၇၈၊ မခင်သန်းနွယ် (ဘ) ဦးထွန်းစိန်ဖြူ ၁၁/မပတ(နိုင်) ၁၃၀၃၃၇ တို့ဖြစ်ကြသည်။

၎င်းပြင် မြေပုံမြို့နယ် သရက်တောင်ကျေးရွာမှ အဖမ်းခံရသူများမှာ မဝင်းဝင်းခင်၊ မငြိမ်ငြိမ်းချို( ၁၁/ မပတ(နိုင်) ၁၂၉၂၁၁၊ မဖြိုးဖြိုးချို( ၁၁/ မပတ (နိုင်) ၁၄၀၆၀၇) နှင့် မသန်းရွှေခင် တို့ဖြစ်ကြသည်။

ဖေဖော်ဝါရီ ၂၂ ရက် ည ၁၀ နာရီလောက်ကလည်း  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်များသည် ပဲခူးတိုင်း၊ ပြည်မြို့၊  မူယာပင်ရပ်ကွက်၊ မြို့‌တော်ခန်းမအနီး တည်းခိုခန်းများတွင်  ခရီးသွားရန် လာရောက်တည်းခိုနေသူများ အထဲက  ရခိုင်လူမျိုး ၂၀ ကျော်ကို ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု DVB တွင် သတင်းဖော်ပြထားသည်။

ထိုသို့ အဆက်အသွယ်မရပျောက်ဆုံးနေသဖြင့် မိသားစုများအထူးစိုးရိမ်နေကြသည်ဟု သိရသည်။ (Photo: VOA)

ဆက်စပ် သတင်းများ