အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

အကြမ်းဖက် မြန်မာစစ်တပ်က စစ်တွေမြို့နယ်ချီလည်ဖင်းရွာထဲ လက်နက်ကြီးပစ်ခတ်၍ ရွာသား ၁ ဦးသေဆုံးပြီး ကိုရင်တစ်ပါးအပါအဝင် ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master (NN 07)
  • | ရက်စွဲ: ၀၄ ဒီဇင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 932

တိုက်ပွဲဖြစ်ပွားခြင်းလည်း တစ်စုံတစ်ရာမရှိ၊ ပြည်သူများ အေးချမ်းစွာနေထိုင်နေသော စစ်တွေမြို့နယ်၊ ချီလည်ဖင်း ကျေးရွာထဲကို အကြမ်းဖက် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်၍ လူ ၁ ဦးကျည်စ ထိမှန် သေဆုံးကာ ကိုရင်တစ်ပါး အပါအဝင်  ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

သေဆုံးခဲ့သူမှာ ချီလည်ဖင်းကျေးရွာမှအသက်(၅၀)ကျော်အရွယ် ဦးညီညီ ဖြစ်သည်။ 

ထိခိုက် ဒဏ်ရာရရှိသူများမှာ စစ်တွေမြို့မှ ချီလည်ပင်းကျေးရွာကို စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့်ကိုရင်သားတစ်ပါးနှင့် ကိုရင်၏မိခင်ဖြစ်ပြီး နောက်ထပ်ဒေသခံနှစ်ဦးလည်း ဒဏ်ရာရရှိသွား ကြောင်း ကျေးရွာသားတစ်ဦးကပြောသည်။

"မိုးလင်းအာရုဏ်အချိန်မှာ လက်နက်ကြီးကျည်ကျလာတာပါ။ ရွာသား တစ်ယောက်က ဦးခေါင်းမှာ ထိဆုံး ပွဲချင်းပြီးဆုံးသွားပါတယ်။ ရွာကို စစ်ရှောင်လာတဲ့ ကိုရင်သားမိနဲ့ နောက်နှစ်ယောက်ကတော့ ဒဏ်ရာရသွားကြပါတယ်" ဟု ပြောသည်။

ယနေ့ ဒီဇင်ဘာ ၄ ရက် နံနက် ၄ နာရီကျော် ခန့်တွင် စစ်တွေအခြေစိုက် ပါဒလိတ် အခြေစိုက် တပ်ရင်း ခမရ ၂၃၂ /၃၄၄ တပ်ရင်းတို့မှ လက်နက်ကြီးများကို  ပစ်ခတ်ခဲ့ရာ  ၎င်းကျေးရွာအတွင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။


စစ်တွေ၊ မင်းပြား၊ မြောက်ဦး နှင့် ပုဏ္ဏားကျွန်းခြေစိုက်တပ်ရင်းများက လူနေကျေးရွာများကို ဦးတည်ကာ နေ့စဉ်လက်နက်ကြီ ပစ်ခတ်မှုများရှိကြောင်း ဒေသခံများက ပြောသည်။

မြန်မာစစ်ကောင်စီတပ်သည်  စစ်ဆင်ရေး ဆောင်ရွက်သည့် အခါ  စစ်ဘက်နှင့် မသက်ဆိုင်သည့်  အရပ်ဘက် ပစ်မှတ်များအား မတိုက်ခိုက်ရ ဆိုသည့်  ROE (Rules of engagement ) စည်းကမ်းချက်ကို လိုက်နာခြင်း (လုံး၀) မရှိဘဲ  အရပ်သားများကို ဦးတည် ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု ဒေသအတွင်း ဝေဖန်မှုများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသည်။

ဒီဇင်ဘာ ၃ ရက်နေ့လယ်ပိုင်းကလည်း ခလရ (၂၇၀) တပ်ရင်းက စစ်သားများသည်  ပုဏ္ဏားကျွန်းမြို့နယ်မှ ရဲရိုးပြင်နှင့် ခမောင်းတောကျေးရွာများထဲသို့ သေနတ်များဖြင့် ပစ်ခတ်ဝင်ရောက်လာကာ နေအိမ်များကို မီးရှို့ခဲ့သည်ဟု သိရသည်။  

စစ်ရေးအရ နိုင်ငံအနှံ့နေရာတိုင်းတွင် အထိနာနေသောစစ်ကောင်စီတပ်သည် ၎င်းတို့အထိနာတိုင်း ပြုလုပ်နေကျ လုပ်ရပ်များဖြစ်သော စစ်ဆင်ရေး ပစ်မှတ် မဟုတ်သော အနီးအနားရှိ ပြည် သူများ နေထိုင်သည့် ကျေးရွာ များကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ရပ်ရွာများကို မီးရှို့ ဖျက်ဆီးခြ ခြင်း၊ အ ပြစ်မဲ့အရပ်သား ပြည်သူများကို ဖမ်းဆီး ဦးခြင်း၊ သတ်ဖြတ်ခြင်းစသည့် စစ်ရာဇဝတ်မှုများကို တစ်ခုပြီး တစ်ခု ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်ထားသည်။ 

 

သို့သော် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ  ပြည်သူလူထုနေထိုင်ရာ မြို့ရွာများကို စစ်တပ်က နေ့တိုင်းပစ်ခတ်မှုပြုလုပ်နေကို သက်သေ အထောက်အထားများစွာရှိပါလျှက် တိုက်ခိုက်မှု မရှိဟုဆိုကာ ငြင်းဆိုထားသည်။ (NN-7)

(ဓာတ်ပုံ-ပေးပို့)

ဆက်စပ် သတင်းများ