စနေ၊ မေလ ၁၁ရက်၊ ၂၀၂၄

တရုတ်နိုင်ငံ၏ အာကာသလွန်းပျံယာဉ် အစိတ်အပိုင်းများ ရခိုင်ပင်လယ်ပြင်တွင် ကျရောက်နိုင်၍ သတိပေးချက်ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဒီဇင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 784

နိရဥ္စရာ၊ ဒီဇင်ဘာ ၂၇/၂ဝ၂ဝ

တရုတ်နိုင်ငံအာကာသလွန်းပျံယာဉ်၏ မလိုအပ်သော အစိတ်အပိုင်းများသည် ဒီဇင်ဘာ ၂၇ ရက်နေ့ ညအချိန် ရခိုင်ပင်လယ်ပြင်အတွင်းသို့ ကျရောက်နိုင်သဖြင့် သက်ဆိုင်ရာမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရှိရသည်။

၎င်းအစိတ်အပိုင်းများသည် သံတွဲလေဆိပ်၏ အနောက်တောင်ဘက် မိုင် (၃ဝ) ခန့်အကွာ ပင်လယ်ပြင်နေရာအတွင်းသို့ ကျရောက်နိုင်ကြောင်း သတိပေးချက်တွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဘေဂျင်းလေယာဉ်မှူး သတိပေးလွှာထုတ်ပြန်ရေးရုံးမှ မြန်မာနိုင်ငံ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူး ဦးစီးမှူးဌာနသို့ ပေးပို့လာသည့်ကြေးနန်းစာတွင် Space flight Activities တစ်ခုမှာ ၂၇-၁၂-၂ဝ၂ဝ ရက်နေ့ ည (၂၂းဝ၈) နာရီ အချိန်မှ (၂၂း၃၄) အချိန်အတွင်း ကျရောက်နိုင်သည်ဟု ဖော်ကြသည်။

၎င်းယာဉ်အစိတ်အပိုင်းသည် မြန်မာနိုင်ငံ မာန်အောင်လေဆိပ်၏ တောင်ဘက် ရေမိုင် (၄၅) မိုင်ခန့်၊ သံတွဲလေဆိပ်၏ အနောက်တောင်ဘက် ရေမိုင် (၃၃) ခန့်၊ ပုသိမ်လေဆိပ်၏ အနောက်မြောက်ဘက် ရေမိုင် (၆ဝ) ခန့် ပင်လယ်ပြင်တွင် မြေပြင်မှ အမြင့်ပေ အကန့်အသတ်မရှိ Space flight အစိတ်အပိုင်းများ ကျရောက်နိုင်ကြောင်း အကြောင်းထားသည်ဟု သိရှိရသည်။
သို့အတွက် ကမ်းနီးကမ်းဝေး ငါးဖမ်းသင်္ဘောများ၊ ရေပြင်တွင် သွားလာနေသည့် သင်္ဘောများအားလုံးကို သတိပေးထားကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ