- Web Master
- ၂၁ အောက်တိုဘာ ၂၀၂၄
တောင်တရုတ်ပင်လယ်ပြင်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်နယ် အတွင်းတွင် မိုးများပြီးလှိုင်းကြီးနိုင်သည့် အတွက် သတိထားကြရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က နိရဉ္စ သတင်းဌာနကိုပြောသည်။
ရခိုင်ပြည်နယ်တွင် မိုးများပြီးလေပြင်းတိုက်ကာလှို
“ ရခိုင်ပြည်နယ်ဘက်မှာလဲ မိုးများမယ်။ လေပြင်းလည်းတိုက်မယ်။ တစ်နာရီ မိုင် ၃၀ မှ ၄၀ အထိ တိုက်နိုင်ပြီး လှိုင်းကြီးနိုင်ပါတယ်။ ပင်လယ်အဖွဲ့တွေ အတွက် ကြိုတင်သတိပေးချက် EARLY WARNING ထုတ်ပေးထားပြီ ပင်လယ်မထွက်ဖို့၊ ထွက်တာရှိလဲ အချိန်မီပြန်ဝင်ဘို့ အသိပေးထားပြီး ပါပြီ။ လှိုင်းအမြင့်ကတော့ ၈ ပေ ၁၀ လောက်အထိ ရှိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
မိုးဇလနှင့်မိုးလေဝသပညာရှင်များ
“ ငါးဖမ်းဘုတ်တွေကတော့ထွက်တုန်းပါ
လက်ရှိ မိုးလေ၀သ အခြေအနေများနှင့် ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက် ၇ နာရီ အချိန် မိုးဇလ၏ ထုတ်ပြန်ချက်တွင် (ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန်တိုင်းထွာချက်များအရ) ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း(Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် ဆက်လက် တည်ရှိနေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်း လာနိုင်ကာ နောက်(၃၆) နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ သို့သော်လည်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ် မြောက်ပိုင်းကမ်းခြေနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့ကို ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
အဆိုပါ လေဖိအားနည်း ရပ်ဝန်းအချိန်ကြောင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်းဖော်ပြထားသည်။
ယနေ့ ညနေထိ ခန့်မှန်းမှာ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသ အလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈)ပေမှ (၁၁)ပေခန့် ရှိနိုင်ကြောင်း ဖော်ပြသည်။
ထိုင်းမိုးလေဝသဌာန(TMD)က နောက်ဆုံးထွက်လာသည့် မိုးလေဝသ သတင်းကို ကိုးကားပြီး ဟု
“ INVEST-93W က အခု လေဖိအားနည်းရပ်၀န်းဖြစ်သွားပြီး အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ခန့်မှန်းထားပါတယ်။ တောင်တရုတ်
ပုံစာ- စစ်တွေကမ်းခြေ (ပုံဟောင်း/နိရဉ္စရာ)