သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကို စပိဘုတ်တစ်စီးနှင့် အတူ ဖမ်းမိဟု ဘင်္ဂလာဒေ့ရှ် ဒေသသတင်းများတွင် ဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 5.5k

နိရဥ္စရာ၊ သြဂုတ် ၂၉/ ၂ဝ၁၉

မြန်မာနိုင်ငံမှ လုံခြုံရေး တပ်ဖွဲ့ဝင်၄ ဦးကို ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ တက်ကနက်မြို့နယ်တွင် ဖမ်းမိထားသည်ဟု ဘင်္ဂလာဒေ့ရှ် ဒေသ သတင်းများတွင် ရေးသားဖော်ပြကြသည်။

၎င်းတို့ကို သြဂုတ် ၂၆ ရက်၊ ညဉ့်အချိန် ၈ နာရီခန့်တွင် သတင်းအရ တက်ကနက် အခြေစိုက် BGB တပ်ရင်း ၂ က တက်ကနက်မြို့နယ် နတ်မြစ်အနီးရှိ နာဇီပါရာ နယ်စပ် အနီးတွင် ဖမ်းမိသည်ဟု သတင်းတွင် ဖော်ပြသည်။

၎င်းဖမ်းမိသူများမှာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များဟု သံသယရှိ နေပြီး စစ်ဆေးနေတုန်းဖြစ်ကြောင်း၊ ယခုအချိန်ထိ ရဲတပ်ဖွဲ့ လွဲပြောင်း ပေးအပ်ခြင်း မရှိသေးကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းတို့ကို စပိဘုတ် တစ်စီးနှင့် အတူဖမ်းမိကြောင်း Teknafnews တွင် သတင်းဖော်ပြပြီး၊ ၎င်းတို့မှာမြန်မာနယ်ခြား စောင့်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ လက်နက်များနှင့် အတူ ဖမ်းမိခြင်း ဖြစ်ကြောင်း Ukhiyanews တွင် သတင်းဖော်ပြထားသည်။

(ဘင်္ဂလီလိုရေးသားထားသည့် သတင်း link ကို အောက်တွင် ဖော်ပြထားပါသည်။)

http://www.teknafnews.com/%e0%a6%9f%e0%a7%87%e0%a6%95%e0%a6%a8%e0%a6%be%e0%a6%ab%e0%a7%87-%e0%a6%b8%e0%a7%8d%e0%a6%aa%e0%a7%80%e0%a6%a1-%e0%a6%ac%e0%a7%8b%e0%a6%9f%e0%a6%b8%e0%a6%b9-%e0%a6%ae%e0%a6%bf%e0%a7%9f%e0%a6%be/
----------------------
http://www.ukhiyanews.com/%e0%a6%b8%e0%a7%80%e0%a6%ae%e0%a6%be%e0%a6%a8%e0%a7%8d%e0%a6%a4%e0%a7%87-%e0%a6%ae%e0%a6%bf%e0%a7%9f%e0%a6%be%e0%a6%a8%e0%a6%ae%e0%a6%be%e0%a6%b0%e0%a7%87%e0%a6%b0-%e0%a6%9a%e0%a6%be%e0%a6%b0/

ဆက်စပ် သတင်းများ