- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
နိရဉ္စရာ၊ မတ် ၁၀/၂၀၂၂ (မြန်မာ)
၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်သူကိုမြအေးကို အင်းစိန်ထောင်တွင်းတရားရုံးက ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်သည်။
ကိုမြအေးသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသည်။
ကိုမြအေးသည် ပုဒ်မ ၅၀၅-ဂ အမှုကို အင်းစိန်ထောင်တွင်းကနေ ပြီးခဲ့သည့်နှစ် မတ်လကတည်းက တရားရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထောင်ဒဏ် နှစ်နှစ်ချမှတ်ခံရသည့် အထဲတွင် ချုပ်ရက် ခံစားခွင့်ရှိသော်လည်း ကိုမြအေးမှာ နောက်ထပ် တနှစ်ကျော်လောက် ထောင်ကျခံရဦးမည် ဖြစ်ကြောင်း သိရသည်။
ကိုမြအေးဘက်က ယခုထောင်ချလိုက်သည့် ပုဒ်မနှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့ခြင်း မရှိသဖြင့် ယခု ပြစ်ဒဏ်ချမှတ်သည့် အပေါ် အယူခံဝင်မည် မဟုတ်ဟု ရှေ့နေ အသိုင်းအ၀ိုင်းက ပြောသည်။
ကိုမြအေးအား မတ်လ ၈ ရက်နေ့တွင် အပြီးသတ် အမိန့်ချရန်ရှိသော်လည်း ယနေ့မှသာ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
လူမျိုးတခုနှင့် တခုကြား ပဋိပက္ခဖြစ်အောင် လုပ်ဆောင်ရာ ရောက်သည်ဟု ဆိုကာ မင်္ဂလာတောင်ညွှန့်မြို့နယ် ဒုရဲမှူးဇော်မင်းက ကိုမြအေးအယး တရားလိုလုပ်ပြီး ပုဒ်မ ၅၀၅ (ဂ)ဖြင့် တရားစွဲခဲ့သည်။
ပုဒ်မ ၅၀၅-ဂ ဆိုသည်မှာ လူမျိုးအချင်းချင်းဖြစ်စေ လူမျိုး တမျိုးနှင့် တမျိုးဖြစ်စေ၊ တဘက်နှင့် တဘက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်သည့် ပြစ်မှုဖြစ်ပြီး ပြစ်မှုမှာ အမြင့်ဆုံးပြစ်ဒဏ် နှစ်နှစ်ထိ ချမှတ်နိုင်သည်ဟု သိရသည်။
(ဓာတ်ပုံ- Myanmar Now)