- Web Master
- ၂၁ ဖေဖော်ဝါရီ ၂၀၂၃
နိရဉ္စရာ၊ မေ ၁/ ၂၀၂၂ (နိုင်ငံတကာ)
လွန်ခဲ့သည့် ၂၄ နာရီအတွင်း ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၁,၅၃၅ ဦးနှင့် သေဆုံးသူ ၉၁ ဦးရှိကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ (တနင်္ဂနွေနေ့ ) နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
စနေနေ့နံနက်တွင် အတည်ပြုလူနာအသစ် ၁၂,၈၈၈ ဦးနှင့် ကိုရိုနာဗိုင်းရပ်ဆက်စပ်သေဆုံးမှု ၁၂၆ ဦးရှိခဲ့ခဲ့သည်။
စနေနေ့တွင် COVID-19 လူနာ ၂၂,၀၂၂ ဦးသည် ကိုရိုနာဗိုင်းရပ်မှ ပြန်လည်ကောင်းမွန်လာပြီးနောက် ဆေးရုံမှဆင်းခဲ့ရသည်။
ကပ်ရောဂါစတင်ဖြစ်ပွားသည့် ၂၀၂၀ ခုနှစ်အစောပိုင်းမှစ၍ ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ ၁၉၂၄၃၈၄ ဦးနှင့် ယခုနှစ်တွင် ကောင်းမွန်လာသူ ၂၀၃၉၀၄၉ ဦးရှိသည်။ စုစုပေါင်း ကိုဗစ်-19 ကူးစက်ခံရသူ ၄၂၆၂၄၈၄ ဦးရှိသည်။
ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ စုစုပေါင်း အရေအတွက်မှာ ၂၈၆၁၇ ဦးရှိပြီး ယခုနှစ်တွင် လက်ရှိအချိန်ထိ သေဆုံးသူမှာ ၆၉၁၉ ဦးရှိသည်။
ကိုဗစ်-ဆက်နွယ်ပြီး ၂၄ နာရီအတွင်း သေဆုံးမှု အမြင့်ဆုံးအရေအတွက်မှာ ၂၀၂၁ ခုနှစ် ခု သြဂုတ် ၁၃ ရက်နေ့က ဖြစ်ပြီး တစ်နေ့တည်းအတွင်း လူပေါင်း ၃၁၂ ဦး သေဆုံးမှုခဲ့ကြောင်း မှတ်တမ်းတင်ခဲ့သည်။ ကိုဗစ် အမြင့်ဆုံး အရေအတွက် တွေရှိခဲ့သည့်နေ့မှာ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်နေ့ ဖြစ်ပြီး တစ်နေ့တွင် လူပေါင်း ၂၈၃၄၉ ဦးတွင် တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။