သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့မှ ရေနစ်ပျောက်ဆုံးနေသော လူငယ်အလောင်း ရှာဖွေတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 7.4k

ထွန်းခိုင် (တောင်ရင်းကျွန်း)

နိရဥ္စရာ၊ ဇွန် ၃ဝ / ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ရေနစ်ပျောက်ဆုံးနေသူ ဆယ်ကျော်သက်အရွယ် လူငယ်၏ ရုပ်အလောင်းကို ဇွန်လ ၂၉ ရက် နံနက် ၇ နာရီကျော် အချိန်ခန့်က ရှာဖွေတွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ပျောက်ဆုံးနေသူမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးကျော်သန်းဦး၏သား မောင်မျိုးလင်းဇော် (၁၈) နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုထားသော ကျောင်းသားတစ်ဦး ဖြစ်သည်။

သူ့၏ရုပ်အလောင်းကို ကျောက်ဖြူမြို့အထွက် ၂ မိုင်ခန့် အကွာရှိ ခမရ (၅၄၂) ရှေ့၊ ဆက်သွယ်ရေး ရေဒါတိုင် ခြံဝန်းအပြင်ဖက်၊ သံဇစ်မြစ်ဝပင်လယ် ကမ်းစပ်တွင် ပေါ်လာကြောင်း သိရှိရသည်။

သူ၏ရုပ်အလောင်းကို “ ကျောက်ဖြူခရိုင် မီးသတ်ဦးစီးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ လေးဝတီ ကုလရက္ခိတ ပရဟိတအသင်းနှင့် ကျောက်ဖြူလူငယ်အဖွဲ့တို့ ပူးပေါင်းပြီး ဆယ်ယူရရှိခဲ့ကြောင်း ” Rakhine Fire Force Page တွင် ဖော်ပြထားသည်။

၎င်းလူငယ်မှာ ဇွန်လ ၂၈ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ရွယ်တူသူငယ်ချင်းနှစ်ယောက်နှင့်အတူ ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်၊ သံဇစ်မြစ်ဝ၊ ကျောက်ဖြူပင်လယ်ကမ်းခြေစပ်သို့ ငါးရှာဖို့ထွက်သွားစဉ် ရေနစ်မြုပ်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။


ဆက်စပ် သတင်းများ