တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မြောက်ဦးတွင် ငါးရှာသွားသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 2.4k

(ရခိုင်တွင် ယခုလအတွင်း ရေနစ်သေဆုံးသူ ၁၆ ဦးအထိရှိလာ)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် ယနေ့ ငါးရှာသွားသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးသွားပြီး ယခုလ တစ်လအတွင်း ရခိုင်၌ ရေနစ်သေဆုံးသူ ၁၆ ဦးအထိရှိလာသည်ဟု သိရသည်။

 ယနေ့ စက်တင်ဘာလ ၂၉ ရက်၊ နံနက် ၆ နာရီခန့်ကလည်း မြောက်ဦးမြို့နယ်၊ ဆင်ဖြူတင်ကျေးရွာမှ ဦးစိန်ကျော်သန်း (၃၅)နှစ်သည် ငါးရှာသွားရာမှ ရေနစ်သေဆုံးသွားခဲ့သည်ဟု ရွာသားများက ပြောသည်။

ရွာသားတစ်ဦးက "မနက်ပျောက်သွားတာ ၉ နာရီမှာ ရွာသားတွေဝိုင်းရှာတော့ ရွာအရှေ့ဖက်ချောင်းမှာ ရေနစ်သေနေတာကို တွေ့ရပါတယ်"ဟု ပြောသည်။

သေဆုံးသူ၏ရုပ်အလောင်းကို ယနေ့ ညနေ ၄ နာရီခန့်တွင် ရွာသုသာန်၌ သင်္ဂြိုလ်ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်တွင် ယခုလအတွင်း ရေနစ်သေဆုံးသူ ၁၆ ဦးရှိခဲ့ရာ ၎င်းရေနစ်သေဆုံးသူများမှာ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် မောင်တောမြို့နယ်များမှဖြစ်သည်။

 

သေဆုံးသူများထဲတွင် အသက် ၅ နှစ်အရွယ်ကလေးများအပါအဝင် အမျိုးသမီး၊ အမျိုးသားများနှင့် သက်ကြီး ရွယ်အိုများလည်း ပါဝင်သည်ဟု စစ်တမ်းများအရ သိရသည်။

 

ရခိုင်တွင် ပြီးခဲ့သည့် သြဂုတ်လနှင့် ဇူလိုင်လတို့အတွင်းကလည်း ရေနစ်သေဆုံးသူ စုစုပေါင်း ၃ဝ ကျော်အထိ ရှိခဲ့သည်ဟု နိရဥ္စရာသတင်းဌာနက ကောက်ယူထားသည့်အချက်အလက်များအရ သိရသည်။ (NN -10)

 

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ရေနစ်သေဆုံးသူတစ်ဦး၏ရုပ်အလောင်းအား ကူညီရေးအဖွဲ့တစ်ခုက သယ်ဆောင်နေကြစဉ်။ (Photo - PDYO)

ဆက်စပ် သတင်းများ