ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

PDF ကိုငွေထောက်ပံ့သည့် သံယယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရခိုင်မှ တက္ကသိုလ်ကျောင်းသူ ယနေ့ လွတ်မြောက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.6k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၃၀/ ၂၀၂၁
PDF ကို ငွေကြေးထောက်ပံ့သည့် သံသယဖြင့် အကြမ်းဖက်မှုပုဒ်မနှင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ တက္ကသိုလ်ကျောင်းသူ မအေးမြင့်မြတ်အောင်သည် ယနေ့ညနေပိုင်းတွင် လွတ်မြောက်လာကြောင်း သိရသည်။
သူမသည် ဖမ်းဆီးတရားစွဲဆိုခံထားရပြီးနောက် ဒုတိယမြောက် ရမန် ၂ ပတ်ပြည့်သည့် ယနေ့ ဒီဇင်ဘာလ ၃ဝ ရက် ညနေပိုင်းတွင် ကျောက်ဖြူထောင်ချုပ်မှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက နိရဥ္စရာသို့ အတည်ပြုပြောဆိုသည်။
“သမီးလေးကျန်းကျန်းမာမာနဲ့ပြန်လွတ်လာပါပြီ။ အပြစ်မရှိလို့လွတ်လာတယ်လို့ပဲ ပြောရမှာပေါ့။ သူ့အမေကတော့ ပိုသိမှာပါ” ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မအေးမြင့်မြတ်အောင်၏မိခင်နှင့် ကျောက်ဖြူမြို့မရဲစခန်းတို့ထံဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
အသက် ၂၁ နှစ်အရွယ်ရှိ မအေးမြင့်မြတ်အောင်သည် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက် မင်းပြင်ဝန်ထမ်းအိမ်ရာတွင် နေထိုင်သည့် အဝေးသင်တက္ကသိုလ်ကျောင်းသူဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၃ ရက်တွင် သူမ၏နေအိမ်မှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူမသည် အကြမ်းဖက်မှုပုဒ််မ ၅၀(ည)ဖြင့် အမှုဖွင့်ခံခဲ့ရပြီး ကျောက်ဖြူထောင်ချုပ်တွင် ထိန်းသိမ်းခံခဲ့ရရာမှ ပြန်လွတ်လာခြင်းဖြစ်သည်။
လက်ရှိတွင် ရခိုင်၌ PDF နှင့်ဆက်စပ်သံသယဖြင့် သံတွဲမြို့မှ ၃ ဦး၊ ငပလီမှ ၂ ဦး၊ တောင်ကုတ်မှ ၂ ဦး၊ မြောက်ဦးမှ ၁ ဦးတို့သည်လည်း အကြမ်းဖက်မှုပုဒ်မ ၅၀ (က)၊ ၅၂ (က)၊ ၅၀ (ည) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုထိန်းသိမ်းခံထားရကြောင်း သိရသည်။

ဆက်စပ် သတင်းများ