ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ရခိုင်တွင် အသံတိတ်သပိတ်နှင့် PDF/NUG/CRPH အဖွဲ့ တို့ကို အားပေးကူညီပါက အကြမ်းဖက်ပုဒ်မဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း လက်ကမ်းစာစောင်ဖြန့်ဝေ၍ သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇန်နဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

ချစ်အိလှိုင်

နိရဉ္စရာ၊ ဇန်နဝါရီ ၂၉/ ၂ဝ၂၂


ရခိုင်ပြည်နယ်တွင် ပြည်နယ်ကောင်စီက အသံတိတ်သပိတ်၊ PDFNUGCRPH အဖွဲ့တို့ကို အားပေးကူညီပါက အကြမ်းဖက် ဥပဒေပုဒ်မတို့ဖြင့်အရေးယူခံရမည် ဖြစ်ကြောင်း လက်ကမ်း စာစောင်များ ဖြန့်ဝေကာ သတိပေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။


ရခိုင်ပြည်နယ်မှ ကျောက်တော်နှင့် မောင်တောမြို့တို့တွင် အဆိုပါလက်ကမ်းစာစောင်များအား စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ကွမ်းယာဆိုင်များနှင့် သုံးဘီးဆိုင်ကယ်များကို ကိုယ်တိုင်ကိုယ်ကျ ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ကျောက်တော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။


ကမ်းနားကဆိုင်တွေကို ပေးတာ။ ကျွန်တော်ကတော့ တစ်ရွက်ရလိုက်တယ်။ စစ်ကောင်စီတပ်သား၊ ရဲနဲ့ တခြားအရပ်သားတွေလည်း ပါတယ်။ သူတို့ဖြန့်တဲ့ စာရွက်က နှစ်ရွက်ပါတယ်လို့ ပြောတယ်။ ကျွန်တော် ရလိုက်တဲ့ စာရွက်ထဲမှာတော့  အသံတိတ်သပိတ်မှာမပါဖို့  PDFNUG တို့နဲ့ မပတ်သက်ဖို့နဲ့ ပတ်သက်ရင် အပြစ်ပေးခံရမယ်ဆိုတဲ့ စာတွေပါတယ်ဟုပြောသည်။

 

ကျောက်တော်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်းဦးထွန်းဝင်းက မနေ့က ဖြန့်ဝေ တယ်လို့တော့ ပြောသံကြားတယ်။ လမ်းဆုံ၊လမ်းခွတွေမှာ။ ဒါကတော့ စစ်ကောင်စီရဲ့ အစိုးရိမ် လွန်ကဲမှုလက္ခဏာတစ်ခုလို့ပဲသုံးသပ်လို့ရတယ်။ ပြောရမယ်ဆိုရင်တော့ပြည်မမှာ ဟော့ ဖြစ်နေကြတဲ့  တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ဒီ NUGPDF တို့ရဲ့ ကမ်ပိန်းတွေမှာ ရခိုင်မှာ ပါဝင်မှုတွေက မရှိသလောက်နည်းပါးတယ်လို့ပြောရမယ်။ပြောရမယ်ဆိုရင် ရခိုင်တွေက ဗမာပြည်ဖက်က နိုင်ငံရေးအခင်းအကျင်းတွေထဲမှာလိုက်ပါစီးမျှောခံစားပြီး ရောယောင်ပါဝင်နေတဲ့ အခြေအနေတွေ တစ်ရပ်တော့ ဒီနေ့အချိန်မှာ ဒီဖက်တွေမှာ အားနည်းသွားပြီ။ ဒီအချိန်မှာ ဒီလို လာလုပ်တာကတော့  တစ်စုံတစ်ရာ အဓိပ္ပာယ်ကောင်းရှိတဲ့ လုပ်ဆောင်ချက် မဟုတ်ဘူးလို့ မြင်တယ်ဟုပြောသည်။

 

ောင်တောမြို့ပေါ် နာရီစင်ရှေ့လမ်းမကြီးတွင် လမ်းသွား၊လမ်းလာများအား ရဲတပ်ဖွဲ့ဝင်များမှ အဆိုပါ စာစောင်များ ဖြန့်ဝေ ကြေညာခဲ့ကြောင်း၊ PDFNUG များ မရှိသည့် နေရာတွင် ယခုကဲ့သို့ လက်ကမ်းစာစောင်များ ဖြန့်ဝေနေသည်မှာ ထူးခြားမှုမရှိကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

 

အဲဒီ လက်ကမ်းစာစောင်ထဲမှာတော့  အခု အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPHNUG ဲ့ သူတို့ရဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရေးနဲ့  ပြည်သူလူထုကို အကြောက်တရားတွေ ဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး လှုံ့ဆော် ဝါဒဖြန့် ခြိမ်းခြောက်တွေကို လုပ်နေတယ်။ သူတို့ကို အားပေးကူညီရင် ပုဒ်မ သုံးလေးခုနဲ့ အရေးယူ ခံရနိုင်တယ်လို့  အဲသလိုပါတယ်ဟု ပြောကြားသည်။

 

မောင်တောတွင် ဖြန့်ဝေသည့် စာထဲတွင် CRPH/ NUG နှင့် ယင်းတို့လက်အောက်ခံအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန် ရည်ရွယ်ပြီးလှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ယက်များမှ တဆင့်လှုံ့ဆော်ခြင်းပြုလုပ်လျက်ရှိပါသည်။ ပြည်သူများအနေဖြင့် လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများပေါ် မသိနားမလည်၍ဖြစ်စေ ၊ ကြောက်ရွံ့၍ ဖြစ်စေလိုက်ပါဆောင်ရွက်ခြင်း၊ တနည်းနည်းဖြင့် ဖြစ်စေ အများပြည်သူ အနှောက်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ ုံ့ လုံ့ဆော် ဝါဖြန့်မှုများကို တဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နှင့် ၅ဝ၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေဖြင့်အရေးယူခံရမည်ဟုပါရှိကြောင်း သိရသည်။

 

မောင်တောမြို့တွင် ၎င်းစာများကို လူစည်ကားရာ နေရာများဖြစ်ကြသည့် လမ်းဆုံ လမ်းခွများ၊ နာရီစင်အဝိုင်း၊ စျေးများရှိ ဆိုင်တန်းများတွင် ဖြန့်ဝေနေခြင်း ဖြစ်ကြောင်း သိရသည်။

 

(ဓာတ်ပုံ - မောင်တောပြန်ဆက်နှင့် ကျောက်တော်မှ မူရင်းပိုင်ရှင်)

ဆက်စပ် သတင်းများ