ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

စစ်တွေမြို့ ကျေးတောပိုက်ဆိပ်တွင် အုပ်စုဖွဲ့ဝိုင်းရိုက်ခံရ၍ လူတစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 5.1k

သျှင်မင်းဇံ

နိရဥ္စရာ၊ မေ ၁/ ၂၀၂၁

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောအုပ်စု ကျေးတောပိုက်ဆိပ်ကျေးရွာတွင် အုပ်စုဖွဲ့ဝိုင်းရိုက်ခံရမှုကြောင့် လူတစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသွားသူမှာ ကျေးတောပိုက်ဆိပ်ကျေးရွာနေ အသက် (၅၄) နှစ်ခန့် အရွယ်ရှိ  ဦးသောင်းထွန်းစိန်(ခ) ချင်းကြီးဖြစ်ကြောင်း စစ်တွေမြို့နယ် ကျေးတောအုပ်စုစီမံအုပ်ချုပ်ရေးမှူး ဦးဝင်းသာက အတည်ပြုပြောကြားသည်။

 “မေလ ၁၀ ရက်နေ့က မိုးသက်လေပြင်းကျတဲ့ အချိန်ပေါ့။ Mask တတ်ထားတဲ့ လူလေးယောက်က သေဆုံးသွားသူရဲ့ ယာယီ တဲထိုးထားတဲ့နေရာကို လာပြီး ဝိုင်းရိုက်ကြတယ်။ သူရဲ့ မိသားစုတွေ လိုက်လာတဲ့အခါမှာ သူတို့လေးယောက်က ပြန်သွားပြီ။ မိုးသက်လေပြင်းကျတော့ လူတွေကလည်း မရှိကြဘူး။ အဲနေရာက အိမ်တွေကလည်း တစ်အိမ်နဲ့ တစ်အိမ် နည်းနည်းဝေးတယ်။ သူကို ဆေးရုံကို ယူသွားပြီးတော့မှ သူရဲ့သမီးဖြစ်သူက ကျွန်တော်ကို တိုင်လာတာပေါ့ဟု ပြောသည်။

ရိုက်နက်ခံရသူမှာ ယင်းဒဏ်ရာများဖြင့်  ယမန်နေ့ နံနက် ၁၀ နာရီလောက်က စစ်တွေဆေးရုံ၌ သေဆုံးသွားပြီးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စစ်တွေမြို့ အမှတ် (၂) ရဲစခန်းက ရဲတပ်ကြပ်ကြီး ခင်ဇော်အား နိရဥ္စရာက ဖုန်းဆက်၍ မေးမြန်းဖို့ ကြိုးစားခဲ့ရာ ၎င်းက စခန်းကိုလာရောက်ပြီး မေးမြန်းရန် ပြောဆိုခဲ့သဖြင့် သွားရောက်ခဲ့ရာ တွေ့ခွင့်မရရှိခဲ့ပေ။

တစ်ခြားတာဝန်ရှိရဲဝန်းထမ်းတစ်ဦးကတရားခံအား ဖမ်းမမိသေးကြောင်း၊ အမှုလိုက်ကာလဖြစ်တဲ့အတွက် တွေ့ခွင့်မရတာဖြစ်တယ်ဟု ပြောသည်။

ဆက်စပ် သတင်းများ