သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်တွင် လူတစ်ဦး ရေနစ်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 5.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ သြဂုတ် ၁၃/၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် အသက် (၄၃) နှစ်အရွယ် အမျိုးသားတစ်ဦး ရေနစ်မြုပ် သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသူမှာ မင်းပြားမြို့နယ်၊ နရမ်းအုပ်စု၊ ကံကြီးကျေးရွာမှ ဦးမောင်မောင်ဝင်းဖြစ်ပြီး အလောင်းကို ငါးစရိုင်းချောင်း၊ မြစ်နားကျေးရွာအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရသည်။
“ကျနော်တို့ သြဂုတ် ၁၂ ရက် နေ့ခင်း ၂ နာရီခွဲလောက်က သူ့အလောင်းကို တွေ့တာပါ။ ကျနော်တို့ ခန်းမှန်းတာက သူတို့အပျော်အပါးနဲ့ ရေးကူးရင်းနဲ့ မြုပ်သွားတာလို့ ခန့်မှန်းတယ်။ အလောင်းကိုတော့ သူ့မိသားစုက သယ်သွားတယ်” ဟု မြစ်နားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြထွန်းက နိရဥ္စရာသို့ အတည်ပြုပြောသည်။
သေဆုံးသူ၏ အလောင်းကို သူ့မိသားစုက ရွာသို့ သယ်ယူသွားသည်ဟု ၎င်းက ပြောဆိုသည်။

ဆက်စပ် သတင်းများ