စနေ၊ မေလ ၁၈ရက်၊ ၂၀၂၄

မအီမြို့မှ ၂ ရက်ကြာပျောက်ဆုံးနေသည့် ၈ တန်းကျောင်းသားကိုသေဆုံးလျက်ပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2.2k

သဥ္ဇာနွယ်

နိရဥ္စရာ ၊သြဂုတ်၁၅/၂၀၂၁

ရခိုင်ပြည်နယ်တောင်ကုတ်မြို့ နယ်၊ မအီမြို့မှ ၂ရက်ကြာ ပျောက်ဆုံးနေသော ၈တန်းကျောင်းသား မောင်ရဲထက်နိုင် (၁၄) နှစ်ကို ယနေ့နံနက်က သေဆုံးလျက်ပြန်တွေ့ခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

မအီမြို့ အမှတ်၂ရပ်ကွက်တွင်နေထိုင်သည့်  (ဘ) ဦးတင်မြင့် (မိ) ဒေါ်လှယဥ်တို့၏ သား မောင်ရဲထက်နိုင်သည် ဩဂုတ် ၁၃ ရက် နေ့လယ် ၁၂ နာရီလောက်ကတည်းက ပျောက်ဆုံးနေခဲ့ပြီး ယနေ့ နံနက် ၉နာရီ ခန့်က မအီချောင်းတွင်ရေနစ်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း ဆွေမျိုးတော်စပ်သူ ကိုဖြိုးဝေလွင်က နိရဥ္စရာသို့  ပြောသည်။

"ပျောက်သွားတာ ၂ရက်လောက်ရှိပြီ။ အိမ်ကနေအိတ်တစ်လုံးနဲ့ထွက်သွားတာတွေ့လိုက်တယ်။ ဘယ်သွားမှန်းသတိမထားမိဘူး။ လိုက်ရှာနေတာလည်း ပျောက်သွားတဲ့နေ့ကတည်းကပဲ။ ဒါမဲ့ အခုတော့ ရေနစ်ပြီးသား အလောင်းကိုသာ တွေ့ရတော့တယ်" ဟု သူက ပြောသည်။

သေဆုံးသွားသော မောင်ရဲထက်နိုင်မှာ မအီအထက အဋ္ဌမတန်းတွင်ပညာသင်ယူနေဆဲ ကျောင်းသား တစ်ဦး ဖြစ်ပြီး မွေးချင်း၈ယောက်အနက် အငယ်ဆုံးဖြစ်ကြောင်း သိရသည်။

မအီရဲစခန်းသို့ ဆက်သွယ်ရာ အဆက်အသွယ်မရရှိသေးပါ။

ဆက်စပ် သတင်းများ