သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့တွင် တူဖြစ်သူက ဓားဖြင့်ထိုး၍ အသက် ၆ဝ ကျော် အမျိုးသမီးတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

အောင်ဇံ
နိရဥ္စရာ၊ သြဂုတ် ၂၂/ ၂ဝ၂၁
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် တူဖြစ်သူက ဓားဖြင့်ထိုး၍ အသက် ၆ဝ ကျော်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။
သေဆုံးသွားသူမှာ ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်၊ ရွာသစ် ၃ လမ်းမှ အသက် ၆၆ နှစ်အရွယ် ဒေါ်ဝေမဖြူဖြစ်သည်။
၎င်းသည် တူဖြစ်သူ ဝင်းနိုင် (၃၈ နှစ်)နှင့် ယမန်နေ့ သြဂုတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီခွဲခန့်က အချင်းများရာမှ ဝင်းနိုင်က ဓားဖြင့်ထိုးသဖြင့် သေဆုံးသွားကြောင်း အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိခဲ့သူ ကျောက်ဖြူ မြို့၊ ငလပွေ့ ရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းနိုင်က ပြောသည်။
''အခင်းဖြစ်တာက ငလပွေ့ ရွာသစ် ၃ လမ်းမှာ။ ကျနော်က ၁ လမ်းမှာနေတာ။ တအုန်းအုန်းနဲ့ ကြားလို့ ထွက်ကြည့်တော့ အဖွားကြီးကသေနေပြီ။ ထိုးတဲ့သူက အဖွားကြီးညီမရဲ့သား။ အဲ့ကောင်လေးက အဆိုးကောင်လေး။ အရင်ကတည်းက ပြဿနာတကျက်ကျက်ဖြစ်နေတယ်လို့တော့ ကြားတယ် ''ဟု နိရဥ္စရာသို့ပြောသည်။
သေဆုံးသူအမျိုးသမီးမှာ မင်းပြားမြို့၊ ရွှေတမာ ရပ်ကွက်မှ ပြောင်းရွေ့လာသူဖြစ်ပြီး မိသားစုကျောထောက်နောက်ခံလည်း မရှိဟု သိရသည်။
''အလောင်းကိုတော့ဆေးရုံပို့ထားတယ်။ သူ့(သေဆုံးသူအမျိုးသမီး)မှာ တိုင်ချက်ဖွင့်ပေးမဲ့သူတောင်မရှိဘူး။ ကျောထောက်နောက်ခံ မရှိဘူး။ ပထမက မိသားစုရှိတယ်။ ခင်ပွန်းဖြစ်သူကလည်း ဆုံးသွားပြီ။ သားနှစ်ယောက်မှာ တစ်ယောက်က အဝေးကိုရောက်သွားတယ်။ နောက်တစ်ယောက်က စစ်သားဝင်ပြီးပျောက်သွားတယ် ''ဟု ဦးထွန်းထွန်းနိုင်က ပြောသည်။
အဆိုပါဓားထိုးမှုနှင့်ပတ်သက်၍ ကျောက်ဖြူမြို့ရဲစခန်းတွင် အမှုဖွင့်ထားပြီး ဓားဖြင့်ထိုးသူကို ဖမ်းမိခြင်းမရှိသေးကြောင်း သိရသည်။
ဓာတ်ပုံ- လေးဝတီကုလရက္ခိတအသင်း(ကျောက်ဖြူ)

ဆက်စပ် သတင်းများ