တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ထိုင်းအလုပ်သမားဝန်ကြီးနှင့် အမြဲတန်းအတွင်းဝန် တို့ကို မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများတရားစွဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 922

နိရဉ္စရာ၊ မေ / ၂၀၂၃

ထိုင်းနိုင်ငံ၌ သန်းနှင့်ချီလာရောက်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ပကန်စံ ခွန်း (ခေါ်) လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းခဲ့သော်လည်း ကိုဗစ်ကာလအတွင်း တစ်ဦးလျှင် ဘတ် ၃ ထောင် ထောက်ပံ့ကြေးမရခဲ့သည့်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဆူ ချာ့တ်ချွန်းကလင်နှင့် အလုပ်သမားအမြဲတမ်းအတွင်းဝန် တို့ကို တရားစွဲဆိုလိုက်သည်။

မေလ ၂ရက်က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ၏အမြင့်ဆုံးအုပ်ချုပ်ရေးတရားရုံးတွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများမှ သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများကိုယ်စား အလုပ်သမားကိုယ်စားလှယ်တို့က တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း ပချာထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။

တရားရုံးကလည်း တရားစွဲမှုကို က်ခံခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

ထိုင်းအလုပ်သမားဥပဒေ ပုဒ်မ ၃၃ ၌ ပကန်စံခွန်း (ခေါ်) လူမှုဖူလုံရေးကြေး လစဉ်သွင်းထားသူတိုင်းကို ၂၀၂၁ ခုနှစ်မှစပြီး ကိုဗစ်ကာလအတွင်း ထောက်ပံ့ကြေးအနေဖြင့် တစ်လ ဘတ် ၃ထောင် ထောက်ပံ့ရ မည်ဟု ပါရှိသည်။

အဆိုပါထောက်ပံ့ကြေးကို ထိုင်းနိုင်ငံသား အလုပ်သမားများကိုသာပေးခဲ့ပြီး ရွှေ့ ပြောင်းအလုပ်သမားများကို မပေးခဲ့သည့်အတွက် ယခုလိုတရားစွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသည့်အဖွဲ့ ၄ဖွဲ့၊ လူ့အခွင့်အရေးလှုပ်ရှားနေသည့် ထိုင်းရှေ့နေ များအဖွဲ့၊ ထိုင်းအလုပ်သမားအဖွဲ့၊ မြန်မာအလုပ်သမားအဖွဲ့၊ ကမ္ဘောဒီယားအလုပ်သမားအဖွဲ့များမှ ကိုယ် စားလှယ်များက တရားလိုလုပ်ပြီး တရားစွဲလိုက်ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား ကိုယ်စားလှယ် အဖွဲ့က မနန်းသန္တာထွန်းက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

ကိုဗစ်ကာလတုန်းကဆိုရင် သူတို့ကထိုင်းအလုပ်သမားတွေကိုပဲ ထောက်ပံ့ကြေးပေးတယ်၊ ကျွန်မတို့က လည်း စာအကြိမ်ကြိမ်တင်ပြီးတောင်းဆိုတယ်၊ သူတို့ကပြန်ပြောတာက အခု ထောက်ပံ့ကြေးက ပကန် စံခွန်း (လူမှုဖူလုံရေး) ကနေ ပေးတာမဟုတ်ဘူးပေါ့၊ ဘဏ်ကနေ အတိုးနဲ့ငွေချေးပြီး ထိုင်းအလုပ်သမား တွေကို ပေးတာပါလို့ ငြင်းဆိုတယ်၊ ဒါဆို ပုဒ်မ ၃၃ မှာ အတိအလင်းကြီးဖော်ပြထားတာကို ဘာလို့ ရွှေ့ ပြောင်းအလုပ်သမားတွေအတွက် မပါရတာလဲပေါ့။’’

ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီပြီး ပကန်စံခွန်း (လူမှုဖူလုံရေး) ပေးသွင်းရသည့် ကော်မတီဖွဲ့ရာ၌ ရွှေ့ပြောင်းလုပ်သားများအတွက် ကိုယ်စားလှယ် ပါဝင်ခွင့်မရဖြစ်နေ သည်ကိုလည်း တရားစွဲရသည့်အထဲတွင် ထည့်သွင်းထားကြောင်း သိရသည်။

ထိုင်းနိုင်ငံထဲ၌ တရားဥပဒေနှင့်အညီ အလုပ်လုပ်နေကြသူတိုင်းသည် အလုပ်ရှင်နှင့် အလုပ်သမားများက လစဉ် လူမှုဖူလုံရေးကြေးပေးသွင်းကြရပြီး ပြဌာန်းထားသည့် ထိုင်းအလုပ်သမားဥပဒေအရ အလုပ်သမား များတန်းတူ အကျိုးခံစားခွင့်ရှိကြောင်း ဥပဒေ၌ဖော်ပြထားကြောင်း သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းတော့ မဖြစ်သင့် ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုစောမောင် က ပြောသည်။

‘’ကိုဗစ်ကာလတုန်းက အလုပ်သမားတွေ ခက်ခက်ခဲခဲရင်ဆိုင်ကြုံခဲ့ရတယ်၊ ပကန်စံခွန် (လူမှုဖူလုံ) ကြေး ပေးသွင်းတဲ့ အလုပ်သမားတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ခွဲခြားဆက်ဆံခံနေရတာ မဖြစ်သင့် ဘူးလေ အလုပ်သမားဆိုတဲ့ခေါင်းစဉ်အောက်မှာ တန်းတူပဲဖြစ်သင့်တာပေါ့  ရွှေ့ပြောင်း အလုပ်သမား တွေဆိုတာ သူများနိုင်ငံထဲ နေထိုင်စားသောက်ဖို့ ခက်ခက်ခဲခဲနေရချိန်မှာ ခုလိုခွဲခြားဆက်ဆံခံရတော့ ပို ဆိုးတာပေါ့။’’

အဆိုပါဖြစ်စဉ်အတွက် ဥပဒေပိုင်းဆိုင်ရာအခြေအနေများကို ထိုင်းရှေ့နေများထံ မေးမြန်းရန် အတွက် ဆက်သွယ်ခဲ့သော်လည် ဆက်သွယ် ရရှိခဲ့ခြင်း မရှိပေ။

ထိုင်းနိုင်ငံထဲ၌ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားဦးရေ သန်းနှင့်ချီပြီး လာရောက်အလုပ်လုပ်ကိုင်ကြရာ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ တစ်သန်းကျော် အထိ ရှိနိုင်ကြောင်း အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းပြောကြသည်။ NN - 24

ဆက်စပ် သတင်းများ