တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ထိုင်းသင်္ဘောပေါက်ကွဲမှု မြန်မာအလုပ်သမား ၇ ဦးသေဆုံး၊ တစ်ဦးစီကို ဘတ် ၅ ထောင်စီ သံရုံးထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.4k

နိရဉ္စရာ၊ ဇန်နဝါရီ ၁၉/ ၂၀၂၂

 

ထိုင်းနိုင်ငံ စမွတ်ဆခွန်ခရိုင် မဲ့ခလောင်မြစ်ကမ်း သင်္ဘောကျင်းမှာ ရေနံတင်သင်္ဘော ပေါက်ကွဲမှုဖြစ်ပွား ခဲ့ရာ မြန်မာသင်္ဘောသား ၇ ဦးသေဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။

 

ဘန်ကောက်မြို့ မြန်မာသံရုံးကနေ တစ်ဦးကို ဘတ် ၅ ထောင်စီထောက်ပံ့ပေးပြီး အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်တွေအတွက်လည်း ဆောင်ရွက်ပေးနေ တယ်လို့ သံရုံးကထုတ်ပြန်ထားပါတယ်။

 

သေဆုံးခဲ့သူတွေအတွက် ကောင်းမွန်စွာသင်္ဂြိုလ်ပေးဖို့နဲ့ အလုပ်သမားရပိုင်ခွင့်တွေရနိုင်ဖို့ ဆောင်ရွက် ပေးနေတယ်လို့ ဘန်ကောက်မြို့က အလုပ်သမားသံအရာရှိ ဦးသူရိန်ထွန်းက ပြောပါတယ်။

 

‘’ မြန်မာသံအမတ်ကြီး ဦးသန်းထွေးကိုယ်တိုင် သေဆုံးသူ ၇ ဦးတို့အတွက် တစ်ဦးကို ဘတ် ၅ ထောင်စီ မနေ့က သွားရောက်ထောက်ပံ့ပေးပါတယ်။ အလုပ်သမားတွေ ရသင့်ရထိုက်တဲ့နစ်နာကြေးတို့၊ လုပ်အား ခတို့ကို ကျန်ရစ်သူမိသားစုတွေ အကျိုးခံစားခွင့်ရဖို့ သက်ဆိုင်ရာရုံးတွေ၊ ဘဏ်တွေနဲ့ ပူးပေါင်းပြီး ဆောင် ရွက်နေပါတယ် ’’

 

ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်းက ဆီတင်သင်္ဘော Smoosh Sea C22 ပေါ်မှာ သင်္ဘောကျင်း အလုပ်သမား ၃၀ ဦးခန့်က ဆီပိုက်တွေကို ဂဟေဆော်ရာကနေ ပေါက်ကွဲမီးလောင်ခဲ့တာဖြစ်ပါတယ်

 

သင်္ဘောကျင်းအလုပ်သမားထဲကမှ မြန်မာနိုင်ငံသား ၇ဦး သေဆုံးကာ၊ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တာပါ။

 

ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ ထိခိုက်သေဆုံးသူအားလုံးကို ပြန်တွေ့ပြီဖြစ်ကာ ဒေသခံလူမှုကူညီရေး အဖွဲ့တွေကလည်း ပူးပေါင်းရှာဖွေပေးကြတယ်လို့ ဦးသူရိန်ထွန်းက ပြောပါတယ်။

 

ပေါက်ကွဲမှုကြောင့် သေဆုံး၊ ဒဏ်ရာရသူတွေအားလုံးဟာ သင်္ဘောကျင်းထဲက အလုပ်သမားတွေဖြစ်ကြ ပြီး သင်္ဘောပေါ်ပါတဲ့အလုပ်သမားတွေကတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

 

သေဆုံးသွားသူတွေကို အဲဒီမြို့မှာပဲ သင်္ဂြိုဟ်ပေးဖို့ပြင်ဆင်နေပြီး၊ သူတို့ရဲ့ အာမခံကြေး၊ ဆုကြေး၊ နစ်နာ ကြေးတွေကို မိသားစုဝင်များထံ အမြန်ဆုံးရရှိနိုင်ဖို့ ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားပေးမယ်လို့ သံအမတ်ကြီး ဦးသန်းထွေးက မိသားစုဝင်တွေကို ပြောကြားခဲ့တယ် လို့ ဦးသူရိန်ထွန်းက ပြောပါတယ်။

 

ဒဏ်ရာရသူ ၂ဦးကိုလည်း ခရိုင်ဆေးရုံမှာ ဆေးကုသပေးနေရာ စိုးရိမ်စရာမရှိဘူးလို့ ဦးသူရိန်ထွန်းက ပြောပါတယ်။ (NN-24)

 

ဆက်စပ် သတင်းများ