စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွင် ရာဇဝတ်ဂိုဏ်းအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ဒုက္ခသည်တစ်ဦးသေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 689

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ အိုကီးယား မြန်မာနိုင်ငံက ထွက်ပြေးလာကြသည့် မွတ်ဆလင် ဒုက္ခသည်များနေထိုင်ရာ စခန်းတစ်ခုတွင် ယနေ့နံနက်ပိုင်းက ရာဇဝတ်ဂိုဏ်းအဖွဲ့နှစ်ဖွဲ့ကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွးခဲ့ရာ မွတ်ဆလင်ဒုက္ခသည် အမျိုးသား တစ်ဦး သေဆုံးသွားသည်ဟု သိရသည်။

 

သေဆုံးသူမှာ အဆိုပါဒုက္ခသည်စခန်း ရပ်ကွက်အမှတ်(၃၂)တွင်နေထိုင်သူ အသက် ၃၅ နှစ်အရွယ်ရှိ ဘာရှား အူလာဖြစ်သည်။

 

စခန်းတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွါးချိန်မှာ နံနက် ၄:၃၀နာရီဖြစ်သည်ဟု အိုကီးယားရဲစခန်းမှ စခန်းမှူး မိုဟာမက်အလီက အတည်ပြုပြောကြားသည်။

 

နှစ်ဖက် လက်နက်ကိုင်း ဂိုဏ်းအဖွဲ့များအကြား သေနတ်ပစ်ခတ်မှု ၁၀ကြိမ်-ဆယ့်နှစ်ကြိမ်ခန့် ဖြစ်ပွါးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုအတွင်း ဘာရှားပစ်ခတ်ခံရပြီး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု စခန်းမှူးက ပြောကြားသည်။

 

ဒဏ်ရာပြင်းထန်သဖြင့် ၄င်းအား စခန်းအမှတ် ၉ ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး အခြေအနေ မကောင်းသဖြင့် ကော့ဘဇားခရိုင်ဆေးရုံသို့ ဆက်လက်ဆောင်စဉ် လမ်း၌ သေဆုံးသွားခဲ့သည်။

 

NN-27

Ref:Dhaka Tribune

 

ဆက်စပ် သတင်းများ