စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ကော့စ်ဘဇားတွင် ဒုက္ခသည်များဝိုင်းဝန်းရိုက်ပုတ်၍ အာဆာအဖွဲ့ဝင်တစ်ဦးသေ၊ ဒုက္ခသည် ၃ ဦးဒဏ်ရာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 794

ဘင်္ဂလားဒေ့နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်၊ ဖလောင်ခါလီ ဒုက္ခသည်စခန်း၊ အမှတ် (၁၃) တွင် ဒုက္ခသည်များ ဝိုင်းဝန်းရိုက်နှက်၍ အာဆာအဖွဲ့ဝင်တစ်ဦးသေဆုံးကာ ဒုက္ခသည် ၃ ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း မေလ ၇ ရက်နေ့စွဲဖြင့် UKhia သတင်းတွင် ဖော်ပြသည်။

 

မေလ ၇ ရက် တနင်္ဂနွေနေ့  နံနက် အစောကြီး ၃ နာရီခန့်တွင် စခန်းအမှတ် (၁၃)၊ G (1 Block) အကွက်တွင် အာဆာအဖွဲ့မှ အကြောင်းမဲ့ သေနတ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာက ဒုက္ခသည်စခန်းနေ လူများက ဝိုင်းအုံပြီးရိုက်နှက်ရာ အာဆာအဖွဲ့ဝင် တစ်ဦးသေဆုံးသွားခဲ့သည်ဟု ဆိုသည်။

 

အာဆာအဖွဲ့မှ ပစ်ခတ်မှုကြောင့် မိသားစု တစ်ခုမှ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့မှာ မိခင်ဖြစ်သူ ရော်မီ

ဒါခါတုန် (၅၅)နှစ်နှင့် သူမ၏ သားဖြစ်သူ မူဟာမတ်ရော်ဖိ (၂၅) နှင့် နောက်ထပ်သားတစ်ဦးဖြစ်သူ ဇူဘိုင် (၁၈) တို့ ဒဏ်ရာရှိခဲ့သည်ဟု ဆိုသည်။

 

အိုကီးယားမြို့နယ်ရဲစခန်း စခန်းမှူး ရှိတ်မူဟာမတ်အာလီက အာဆာအဖွဲ့ဝင် တစ်ဦး သေဆုံးသွားကြာင်းကို အတည်ပြုပြောကြားသည်။

 

အာဆာအဖွဲ့ဝင်တွေ အကြောင်းမဲ့ မနက် အစောကြီး အချိန် သေနတ်ဖြင့် အမှတ် ၃ ဒုက္ခသည်စခန်းကို ဝင်ပစ်တယ်။ ဒုက္ခသည်တွေက အထိတ်တလန့်ဖြစ်ပြီး အော်ဟစ်ကူညီတောင်းတယ်။ဒုက္ခသည်တွေ စုပြီး ပြန်ခုခံတိုက်ခိုက်တော့  အာဆာအဖွဲ့ဝင် တစ်ဦးသေဆုံးတယ်။ အာဆာတွေ သေနတ်နဲ့ ပြန်ပစ်တော့ မိသားစုတစ်ခုက ၃ ဦးဒဏ်ရာရတယ်ဟု ၎င်းက ဘင်္ဂလာမီဒီယာများသို့ ပြောဆိုသည်။

 

သေဆုံးသူ အာဆာအဖွဲ့ဝင် အလောင်းအား စစ်ဆေးရန်  ကော့စ်ဘဇားခရိုင်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

 

ကော့စ်ဘဇားခရိုင်အတွင်းရှိ မွတ်ဆလင် ဒုက္ခသည်များတွင် အာဆာအဖွဲ့နှင့် ဒုက္ခသည်များအကြားတွင် မကြာခဏ ပဋိပက္ခများဖြစ်ပွားလျှက်ရှိနေသည်ဟု သိရှိရသည်။

ဆက်စပ် သတင်းများ