တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

အာဆာထိပ်တန်းတပ်မှူးတစ်ဦး ဒုက္ခသည်စခန်းတွင်ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10.2k

နိရဉ္စရာ၊ မတ် / ၂၀၂၃

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်ရှိ ဒုက္ခသည် စခန်းတစ်ခုတွင် အာဆာ(ARSA) တပ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

 

အာဆာသောင်းကျန်းသူအဖွဲ့၏ ခေါင်းဆောင်သည်  ကော့စ်ဘဇားခရိုင် အူကီးယားမြို့နယ်ရှိ မွတ်ဆလင်  ဒုက္ခသည်စခန်းတွင် ယနေ့အစောပိုင်းကပစ်သတ်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ် လက်နက်ကိုင် ရဲတပ်ရင်း (Armed Police Battalion (APBn) က ပြောသည်။

 

သေဆုံးသွားသူမှာ ဒုက္ခသည် စခန်းတွင်း လူသတ်မှုများအပါအဝင် ရာဇ၀တ်မှုအမျိုးမျိုးတွင် ပါဝင်ပတ်သက်နေသည့် အာဆာအဖွဲ့က ထိပ်တန်းတပ်မှူး  နူရာဟာဘစ် (Nur Habib) (ခေါ်) ဒက်တာဝခ်ကာ (Daktar Wakkas) (အသက် ၄၂ နှစ်)  ဖြစ်သည်ဟု ဆိုသည်။

 

၎င်းသည် သေနတ်ဒဏ်ရာရရှိပြီးနောက်  စခန်းတွင်းရှိ IOM ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့  (မီဒီယာ)  ပြောရေးဆိုခွင့်ရှိသူ လက်ထောက်အကြီးအကဲ Md Faruk Ahmed မှ လက်မှတ်ရေးထိုးထားသော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယခု သတ်ဖြတ်မှုသည် အဆိုပါနယ်မြေအတွင်း ဩဇာအာဏာအားပြိုင်မှုနှင့် အတူ ရာဇ၀တ်ဂိုဏ်းများကြား ကာလကြာရှည်အငြင်းပွားမှုကြောင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဘင်္ဂလာရဲက ံသယရှိနေသည်။

 

ဘင်္ဂလာရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ို့သည် အဆိုပါနေရာကို သွားရောက်ကြည့်ရှုပြီး လူသတ်မှုနောက်ကွယ်မှ ရာဇ၀တ်သားများကို ဖမ်းဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

Ref: The Daily Star

ဆက်စပ် သတင်းများ