သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားပါတီ (ANP) ကိုယ်စားပြုပြီး ကျေက်ဖြူမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးရန်မျိုးအောင်နှင့် ခဏတာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ အောက်တိုဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.9k

ထွန်းခိုင် (တောင်ရင်းကျွန်း) မေးမြန်းတင်ပြသည်။
နိရဥ္စရာ၊ အောက်တိုဘာ ၂၂ / ၂ဝ၂ဝ

မေး - ဆရာက ဘယ်ပါတီကိုယ်စားပြုပြီး ဘယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဆိုတာကို ပထမဆုံးအနေနဲ့ မိတ်ဆက်ပေးပါ။
ဖြေ - ကျနော်ကတော့ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြုပြီး ကျောက်ဖြူမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ကနေပြီးတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

မေး - ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတဲ့ ရည်ရွယ်ချက်ကို ပြောပေးပါ။
ဖြေ - ရခိုင်ပြည်သူတွေအတွက် နိမ့်ကျနေတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ၊ တန်းတူညီမျှမှုတွေ၊ ဒီမိုကရေစီရယ်၊ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့တို့အတွက်ကို ကျနော်တို့ ကိုယ့်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ဆောင်ရွက်သွားဖို့ဖြစ်တဲ့ အတွက် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်ပါတယ်။

မေး - ဆရာအနေနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဘာတွေကို အဓိကထားပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါသလဲ။
ဖြေ - နံပါတ် (၁) အနေနဲ့ ကျနော်တို့က စီးပွားရေးဖွံ့ဖြိုးမှုကို ဦးစားပေးလုပ်ဆောင်ရမှာဖြစ်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေလတ်တလော ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် နံပါတ် (၁) ဦးစားပေးအနေနဲ့ စီးပွားရေး ဖွံ့ဖြိုးရေး အပိုင်းကို လုပ်ရမှာဖြစ်တယ်။

မေး - မဲဆန္ဒရှင်တွေကို ဘာတွေပြောချင်ပါသလဲ။
ဖြေ - မဲဆန္ဒရှင်ပြည်သူတွေကိုတော့ ကျနော်တို့ပါတီရဲ့ မူဝါဒလုပ်ငန်းစဉ်တွေကို ကျနော်တို့ ပြောထားတာတွေတော့ရှိပါတယ်။  ဒါကြောင့် ကျနော်တို့ ထွေထွေထူးထူးပြောနေစရာ မလိုတော့ဘူးထင်တယ်။

မေး - နောက်ဖြည့်စွက်ပြီး ဘာတွေပြောချင်ပါသလဲ။
ဖြေ - နောက်ဖြည့်စွက်ပြီး ပြောချင်တာကတော့ ကျနော်တို့ပြည်သူတွေဟာ စည်းလုံးညီညွှတ်ဖို့ အချိန်တန်ပြီ၊ စည်းလုံးညီညွှတ်မှုတွေ ပျက်စီးသွားတဲ့အတွက် ကျနော်တို့မှာ သင်ခန်းစာတွေလည်း အများကြီး ရထားပြီ ဖြစ်ပါတယ်။ အခု ဒီပါတီနိုင်ငံရေးအတွင်းမှာလည်းပဲ ကျနော်တို့သည် စည်းလုံးညီညွှတ်ဖို့အတွက် အများကြီး တည်ဆောက်ထားရတာဖြစ်တယ်။ ၂ဝ၁၂ တုန်းမှာ ရဟန်းရှင်လူ ပြည်သူအပေါင်း ပေါင်းစည်းခဲ့တဲ့ ANP ပါတီဟာ အခုဆိုလိုရှိရင် သုံးခုပြန်လို့ ကွဲသွားတဲ့ဟာကို အများကြီး ဂရုတစိုက်နဲ့ မဲဆန္ဒရှင်ပြည်သူတွေ အနေနဲ့လည်း ဒါတွေကို ဂရုစိုက်ဖို့လိုပါတယ်။ နောက်ပြီးလို့ရှိရင် မဲဆန္ဒရှင်ပြည်သူတွေက ပြည်လည်ပြီးတော့ ကျနော်တို့ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီတစ်ခုတည်းပဲဖြစ်အောင် ပြည်သူတွေကလည်းပဲ အရင်ကလိုပဲ ပြန်လည်တည်ဆောက်နိုင်မှာလို့ ကျနော်မျှော်လင့်ပါတယ်။

(ပြီး)

ဆက်စပ် သတင်းများ