ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက အာဆီယံအထူးသံပရတ်ဆော့ခွန်းနှင့် တွေ့ဆုံစဉ် မြန်မာအရေးဖြေရှင်းရေး အချက်သုံးချက်ကို အလေးပေးပြောကြားခဲ့ကြောင်း တရုတ်သံရုံးထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 646

နိရဉ္စရာ၊ ဇူလိုင် ၄ /၂၀၂၂ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ (Mr. Wang Yi) က မြန်မာဆိုင်ရာအာဆီယံအထူးသံ ပရတ်ဆော့ခွန်း (Mr. Prak Sokhonn) နှင့် တွေ့ဆုံစဉ် ြန်မာနိုင်ငံအရေး အကျပ်အတည်းဖြေရှင်းရေး အချက်သုံးချက်ကို အလေးပေးပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ယနေ့ ဇူလိုင် ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

၎င်းတို့ နှစ်ဦးသည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ ပုဂံမြို့၌ တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ အခြေအနေနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ တွေ့ဆုံစဉ် ာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ချိန်မှစ၍ ကမ္ဘောဒီးယားနိုင်ငံ၏ တက်ကြွသော ကြားဝင်ညှိနှိုင်းမှုများကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ ချီးကျူးခဲ့ပြီး မြန်မာအရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ မျှော်လင့်ချက်သုံးရပ်ကို အလေးပေး ပြောကြားခဲ့သည်ဟု ဆိုသည်။

၎င်းမျှော်လင့်ချက်သုံးရပ်မှာ.......

(ပထမအချက်)

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်သည်။ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန်နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည်။

(ဒုတိယအချက်)

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည် ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည်။

 (တတိယအချက်)

အာဆီယံက အာဆီယံနည်းလမ်းကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေး ဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ တူညီဆန္ဒငါးရပ်five-point consensusကို အပြုသဘောဆောင်စွာ အကောင်အထည်ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်သည်။

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi သည် ယနေ့  ပုဂံတွင် ကျင်းပသည့်  ၇ ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေးပွဲကို တက်ရောက်ခဲ့သည်။

၎င်းအစည်းအဝေးကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးအပြင် ြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ အပြင် မဲခေါင်မြစ်ဝှမ်း ဒေသနိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးများလည်း တက်ရောက်ခဲ့ကြသည်။

ဆက်စပ် သတင်းများ