ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်တွင် နိုဝင်ဘာလကုန်ပိုင်းက စစ်တပ်ကဖမ်းဆီးသွားသည့်ကျေးရွာသား ၈ ဦး၏အလောင်းပြန်တွေ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 422

နိရဉ္စရာ၊ ဒီဇင်ဘာ ၂၆/ ၂၀၂၂

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးကျေးရွာမှ စစ်ကောင်စီ တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၀၁) တပ်က  ဖမ်းဆီး ခေါ်ဆောင်သွားသည့် ကျေးရွာသား ၈ ဦး အလောင်းကို  ပြန်လည်ရှာတွေ့ခဲ့ပြီ ဖြစ်ကြောင်း Indaw Revolution – IR တွင် သတင်းဖော်ပြထားသည်။

သူတို့ ၈ ဦးကို နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သူတို့၏ အလောင်းကို နတ်မဟုတ်ကြီးရွာနှင့် မနီးမဝေးရှိ ကမ်းနီရွာအနီးတွင် တစ်လခန့်အကြာတွင် မြေမြုပ်၍ တွေ့ရှိခဲ့သည်ဟု သိရသည်။

သတ်ဖြတ်ခံလိုက်ရသည့်  ပြည်သူများမှာ ဦးမင်းနိုင်( အသက် ၅၀ ကျော်)၊ ဦးကျော်သန်း( ၆၀ နှစ်)၊ဦးကျော်သန်း၏သားဖြစ်သူ ဦးဘိုဘိုဝေ(၃၃နှစ်)၊ ဦးကျော်ဌေး( ၅၀ကျော်)၊ ဦးကျော်ထွန်း(၅၀ ကျော်)၊ဦးထွန်းနိုင်( ၃၈နှစ် ဦးမြင့်ဖေ( ၆၀ နှစ်)နှင့် ဦးသာပြူး( ၆၈ )နှစ်တို့ ဖြစ်ကြသည်။

သေဆုံးသူ ၈ ဦးအနက်မှ ၂ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ထားပြီး ကျန် ၆ ဦးကို  တုတ်ဖြင့် ရိုက်နှက်သတ်ဖြတ်ထားသည်ဟု Indaw Revolution – IR ရေးသားထားသည်။

ယခုကဲ့သို့ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ခြင်းမှာ  စစ်ကောင်စီတပ်သားတစ်ဦးကို ဖမ်းမိပြီးနောက် စစ်ဆေးရာမှ ၎င်းစစ်သား၏ ပြောဆိုချက်အရ ကမ်းနီရွာအနီးတွင် ရှာဖွေစဉ် တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

ဆက်စပ် သတင်းများ