ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်ကောင်စီမှ ဖမ်းဆီးထားသည့် KBC ဥက္ကဌဟောင်း အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းမှုပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဥ္ဇရာ၊ ဇန်နဝါရီ / ၂၀၂၃

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်(KBC) ဥက္ကဌဟောင်း သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန် အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရေးအတွက် ဇန်နဝါရီလ ၇ ရက်နေ့ မနက်ပိုင်း ကဝတ်ပြုဆုတောင်းမှုပြုလုပ်ခဲ့ကြကြောင်း KBC ထံက သိရှိရသည်။

ဝတ်ပြုဆုတောင်းပွဲအား ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းရပ်ကွက်ရှိ Jaw Bum(ဂျော်ဘွမ်)ဆုတောင်း တောင်တွင် KBC ဝန်ထမ်းများနှင့် သူ့၏ မိသားစုဝင်များမှ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာခလမ်ဆမ်ဆွန်အား စစ်ကောင်စီက ဒီဇင်ဘာလ ၅ ရက်နေ့တွင် မန္တလေး လေဆိပ်၌ ဖမ်းဆီး စစ်ဆေး ပြန်လည် လွတ်ပေးခဲ့သော်လည်း ညနေပိုင်း မြစ်ကြီးနားလေဆိပ်အရောက် ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ၎င်းအား မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်ရေး တို့တွင် ပါဝင်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် တွေ့ဆုံခဲ့သူလည်းဖြစ်သည်။

ထိုအပြင် ၎င်းသည် စစ်တပ် အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလပိုင်းအတွင်းက စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲဖူးသေးသည်။ ဓါတ်ပုံ - KBC Kachin

ဆက်စပ် သတင်းများ