ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ဗုံးကျဲတိုက်ခိုက်ခံရ၍ သေဆုံးသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ဟားခါးမြို့တွင်စျေးဆိုင်များပိတ်ထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 7.2k

နိရဥ္စရာ၊ ဇန်နဝါရီလ ၁၁/ ၂၀၂၃

ဗုံးကျဲတိုက်ခိုက်ခံရ၍ သေဆုံးသွားသူများ အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် ယနေ့တွင် ချင်းပြည်နယ် ဟာခါးမြို့ရှိ စျေးဆိုင်များနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများအားလုံး ပိတ်ထားကြောင်း ဒေသခံတစ်ချို့ဆီက သိရှိရသည်။

စစ်ကောင်စီသည် ချင်းအမျိုးသားတပ်ဦး(CNF) ၏ ဌာနချုပ်  Camp Victoriaကို ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေ ၄ နာရီခန့်က လေကြောင်းကနေ လေယာဉ် (၅) စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် အမျိုးသမီးရဲဘော် ၂ ဦး အပါအဝင် ရဲဘော် ၅ ဦး ကျဆုံးခဲ့သည်။

ထိုသို့  CNF ရဲဘော်များကျဆုံးသွားှုကြောင့် ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေပဲ၊ ကျနော်တို့ ချင်းပြည်နယ်အတွက် အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ အခုလို အသိအမှတ်ပြုပေးကြတဲ့အတွက်လည်း ဝမ်းနည်းဝမ်းသာပါတယ်။ စစ်အာဏာရှင် ကိုတော့ အမြစ်ပြတ် အောင် တိုက်ထုတ်သွားမယ်။ တက်နိုင်တဲ့ ဘက်က ပါဝင်သွားမယ်ဟု ၎င်းက ပြောသည်။

၎င်းတိုက်ခိုက်မှုအတွင်း ရဲဘော် ၁၀ ဦးသည် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဌာနချုပ်၏ အဆောက်အဦး ၂၀ ခန့်လောက်သည်လည်း ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ယခုတိုက်ခိုက်မှုသည် စစ်ကောင်စီက တစ်နိုင်လုံးအတိုင်းအတာဖြင့်  ၂၀၂၃ ခုနှစ် တစ်နှစ်လုံး အပစ်ရပ်စဲထားကြောင်း တရားဝင်ကျေညာထားပြီး ၁၀ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။  (NN-25)

 

ဓာတ်ပုံ - ချင်းဒေသတွင်း သတင်းဌာန ( The Chin Journal)

ဆက်စပ် သတင်းများ