အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဖားကန့် ဝှေခါဗျူဟာကုန်း စစ်စခန်းကြီးကို KIA သိမ်းပိုက်


  • ရေးသူ: Web Master (NN 30)
  • | ရက်စွဲ: ၂၁ ဇန်နဝါရီ ၂၀၂၄
  • | ကြည့်ရှုသူ: 1.5k

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါဗျူဟာကုန်း စစ်စခန်းကြီးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု  သတင်း ရရှိသည်။

ဇန်နဝါရီ ၆ ရက်နေ့ကစပြီး အဆိုပါ ဗျူဟာကုန်းအား စတင်တိုက်ခိုက်ပြီး ၁၅ ရက်အကြာ ဇန်နဝါရီ ၂၀ ရက်နေ့တွင် စခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်က‌  ပြောဆိုသည်။ 

အဆိုပါ စခန်းမှ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးနှင့် စစ်သားတစ်ချို့ထွက်ပြေးသွားပြီး ၎င်းတို့အား ဖမ်းမိရန် လိုက်လံ ရှာဖွေနေကြောင်း သိရသည်။

လက်ရှိ သိမ်းပိုက်လိုက်သည့်  ဝှေခါဗျူဟာကုန်းသည်  ဖားကန့်နှင့် အင်းတော်ကြီးဒေသကို ချိတ်ဆက်ထားသည့်  အရေးပါသည့် စခန်းကုန်းတစ်ခု ဖြစ်ပြီး  စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူများဖြင့် ၎င်းစခန်းမကျစေရန်  အသည်းအသန်ကြိုးပမ်းခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့ကတည်းကနေ ဝှေခါရွာတွင် အထိုင်ချထားသည့်  စစ်တပ်ဗျူဟာကုန်းနှင့် ရဲစခန်းကို KIAနှင့်  KPDF ပူးပေါင်းတပ်များ  ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စတင်တိုက်ခဲ့သည့်နေ့က ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းမှူးကို အရှင်မိခဲ့‌သည်ဟု သိရသည်။

၎င်းနောက် ၁၅ ရက်အကြာတွင် ၂၀၂၄ ခုနှစ် လက်ဆောင်အဖြစ် တော်လှန်ရေး အင်အားစုများမှ အခိုင်အမာတပ်စွဲသည့် စစ်ကောင်စီ စခန်းကုန်းတစ်ခုကို သိမ်းပိုက်ရရှိခြင်းဖြစ်သည်။

ဖားကန့်ဒေသတွင် ဖားကန့်ဗျူဟာ၊ လမောင်ကုန်းစခန်း၊ ယမ်းချက်စက်ရုံ၊ နန့်ယားစစ်တပ်ကုန်း၊ ကာမိုင်းဗျူဟာတို့ ကျန်ရှိနေသေးကြောင်း သိရသည်။

Ref and Photo: KNG

ဆက်စပ် သတင်းများ