ကြာသပတေး၊ မေလ ၂ရက်၊ ၂၀၂၄

မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာ အဝေးပြေးကွင်း အနီးရှိ စစ်ကောင်စီတပ်အား U.S.F အဖွဲ့က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်



ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားကွင်းအနီးရှိ စစ်ကောင်စီတပ်အား ဧပြီလ ၆ ရက်နေ့ ညပိုင်းတွင် အဆင့်မြင့်တာဝေးပစ် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးတပ်ဖွဲ့ (Urban Special Force)  မှ ဧပြီလ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 ဧပြီလ ၊ ၆ ရက်နေ့ ၊ ည ၉ နာရီ ၈ မိနစ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ( စစ်ထောက်လှမ်းရေး ရုံးချုပ် ) အား (အဆင့်မြှင့် တာဝေးပစ် လျှော့တိုက်ဒုံး) ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်” ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

 ယင်းမစ်ရှင်အား မြို့ပြအထူးတပ်ဖွဲ့ (U.S.F) Shadow (S.A.F) နှင့်အတူ Brave Warriors For Myanmar (B.W.M) အဖွဲ့ မှ ပူးပေါင်းပြီး အောင်မြင်စွာ ဖော်ဆောင်နိုင်ခဲ့ကြောင်းသိရသည် 

တိုက်ခိုက်ရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီမှ တော်လှန်ပြည်သူများထံမှ မတရားသိမ်းဆည်း ထားသော ပစ္စည်းဥစ္စာများကို ထောက်လှမ်/ရေး ရုံးချုပ်တွင် ထားရှိပြီး စစ်တပ်အမည် ပေါက်ဖြင့် ပြန်လည်ရောင်းချမှုများ ပြုလုပ်နေခြင်း နှင့် စစ်ရေးအရ အရေးကြီးသော ပစ်မှတ်တစ်ခု ဖြစ်နေသောကြောင့် တိုက်ခိုက်ရခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်နောင်တွင် ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်းဖက်စစ်အုပ်စုတို့၏ စီးပွါးရေးပိုင်ဆိုင်မှုများအပြင် ပတ်သက်ဆက်နွယ်သူများ၊ ပတ်သက်ဆက်နွယ်မှုများကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်အတူ စစ်ရေးလှုပ်ရှားမှုအား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်” ဟုလည်းထုတ်ပြန်ချက် တွင်ပါရှိသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ပြီး အောင်မင်္ဂလာအဝေးပြေးကွင်း အဝင်ထွက်လမ်းများ၊ ရေဝေးသုဿာန် အဝင်ထွက်လမ်းများအား ပိတ်ဆို့စစ်ဆေးခဲ့ကြောင်းသိရသည်

ဓာတ်ပုံ- Urban Special Force

 

ဆက်စပ် သတင်းများ