- Web Master
- ၀၄ သြဂုတ် ၂၀၂၂
ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ ၁၄/၂ဝ၁၉
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကွမ်းတောင်အနီးတွင် ယနေ့ နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။
ဘူးသီးတောင်မြို့နယ် ကွမ်းတောင်ရွာဘက်မှ စေတီတောင်ရွာဘက်သို့ ထွက်ခွာလာသည့် တပ်မတော် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
နံနက် ၁ဝ နာရီမှ ၁ဝ နာရီခွဲထိ မိနစ် ၃ဝ ထိ ကြာမြင့်သည်ဟု သိရသည်။
ယခုအခါ ၎င်းတပ်မတော်စစ်ကြောင်းမှာ စေတီတောင်သို့မလာဘဲ ကွမ်းတောင်ဘက်သို့ ပြန်လှည့်သွားသည်ဟု စေတီတောင်ကျေးရွာသို့ ဆက်သွယ်စဉ် ကျေးရွာသားများက ပြောကြားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးသို့ ဆက်သွယ်ရာ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိကြောင်း ပြောကြားသည်။
ကွမ်းတောင်ရွာသားတစ်ချို့မှာ သေနတ်သံမျာအပြင် စစ်ကြောင်းပြန်လှည့်လာသဖြင့် ကြောက်လန့်ပြီး ရွာကို စွန့်ခွာထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။