တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ယခုဖွဲ့စည်းသည့်ရွေးကောက်ပွဲကော်မရှင် တရားမဝင်၍ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ လက်ခံမည်မဟုတ်ကြောင်း NLDစာထုတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 3.1k

နိရဉ္စရာ၊ ဇူလိုင် ၉/ ၂၀၂၂
စစ်ကောင်စီကျင်းပမည့်ရွေးကောက်ပွဲကို လက်ခံမည်မဟုတ်ကြောင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ယနေ့ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
NLD ၏ ထုတ်ပြန်ချက်ထဲတွင် နိုင်ငံတော်သမ္မတကသာလျှင် ဖွဲ့စည်းခွင့်ရှိပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် တရားဝင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး အသစ်ဖွဲ့စည်းမှုသည် တရားဝင်မှု မရှိပါသဖြင့် ၎င်းအဖွဲ့၏ ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းစဉ်များအားလုံး (ရွေးကောက်ပွဲအပါအဝင်)သည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွှတ်မှုမရှိပါသဖြင့် မိမိတို့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် လုံး၀အသိအမှတ်မပြု လက်ခံမည်မဟုတ်ကြောင်းပါရှိသည်။
(Narinjara သတင်းနှင့် ရုပ်သံများကို အောက်ပါလင့်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။)
အင်္ဂလိပ်သတင်း - www.narinjara.com
မြန်မာသတင်း - https://burmese.narinjara.com/
သတင်းဖေ့စ်ဘုတ်ပေ့ချ် - https://www.facebook.com/narinjara.info/
ရေဒီယိုသတင်း - https://www.facebook.com/Narinjara-Radio-107181441819656

ဆက်စပ် သတင်းများ