တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြန်မာရေတပ်သင်္ဘောက မာန်အောင်ဒေသခံရေလုပ်သားများထံမှ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇူလိုင် ၂၀၂၂
  • | ကြည့်ရှုသူ: 2.4k

နိရဥ္စရာ၊ ဇူလိုင် ၁၅/၂၀၂၂

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီရေတပ်သင်္ဘောတစ်စီးက ဒေသခံရေလုပ်သား ငါးဖမ်းသမားများကို ခေါ်ယူကာ ခြိမ်းခြောက်ငွေကြေးတောင်းခံမှုများရှိနေကြောင်း သတင်းရရှိသည်။

ယမန်နေ့ဇူလိုင် ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်တွင် ငါးဖမ်းပြီးပြန်လာသည့် ဆွဲပိုက်ငါးဖမ်းသမား တစ်ဦးကို နေဗီရေတပ်သားများက လက်ပြန်ကြိုးတုတ်ကာ ခြိမ်းခြောက် ငွေကြေးတောင်းခံမှု ရှိခဲ့သည်ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။

 ကိုမောင်စိုးဝင်းကို လက်ပြန်ကြိုးတုတ်ပြီး ခြိမ်းခြောက်ငွေတောင်းတော့  ငွေ ၅ သောင်းပေးမ ပြန်လွှတ်လိုက်တယ်။ ခွင့်ပြုချက်မရှိ၊ လိုင်စင်မရှိတဲ့ အတွက် သူတို့က အဲသလို ခြိမ်းခြောက် ငွေတောင်းတာမျိုးထင်တယ်ဟု ပြောသည်။

ငွေကြေးပေးခဲ့ရသည့် ငါးဖမ်းသမားမှာ မာန်အောင်မြို့နယ်၊ ဇရပ်ကုန်းခင်အုပ်စု၊ တန်လှောင်ကုန်းရွာက ဦးမောင်စိုးဝင်းအသက်( ၄၇ )နှစ် ဖြစ်သည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဦးမောင်စိုးဝင်းနှင့် ဇနီးဖြစ်သူထံသို့ ဆက်သွယ်ရာ ဖုန်းကိုင်သော်လည်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ဖုန်းပိတ်သွားခဲ့သည်။  

ယမန်နေ့ ဇူလိုင် ၁၄ ရက်နေ့က စတင်ပြီး စစ်ကောင်စီရေတပ်သင်္ဘောတစ်စီးသည် ကျောက်ဖြူမြို့နယ် ကင်းချောင်းရွာှင့် မာန်အောင်မြို့နယ် ျှော်တော်ဦးရွာကြာ ပင်လယ်ပြင်တွင် ကျောက်ချရပ်နားက ဒေသခံရေလုပ်သားများကို ခေါ်ယူကာ ငွေကြေးတောင်းခံနေခြင်း ဖြစ်သည်ဟု သိရသည်။

ငါးဖမ်းလှေတစ်စီးကို ကျပ်ငွေ ၅ သောင်းပေးပြီးမှသာ ပြန်လွှတ်ပေးကြောင်း အမည်မဖော်လိုသူ ဒေသခံငါးဖမ်းသမားတစ်ဦးက ပြောသည်။

"အခုဆို ကျောက်ဖြူမြို့နယ် ကင်းချောင်းနဲ့ မျှော်တော်ဦးကြားလောက်မှာ နေဗီရပ်ပြီး သူတို့က ထွက်လာတဲ့ ဆွဲပိုက် သမားတွေကို ခေါ်ပြီး မင်းတို့ပိုက်ဆံ ၅၀၀၀၀ ပေးရမယ်ပြောတယ်။ ပိုက်ဆံတောင်းပြီးမှ ပြန်လွှတ်လိုက်ပါတယ် လူကိုတော့ ခြိမ်းခြောက်တယ်။ ဖမ်းမယ်ဆီးမယ် အဲသလိုမျိုးတော့ရှိတယ် "ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းကလည်း ရေတပ် သင်္ဘောတစ်စီးသည် မာန်အောင် မော်ချောင်းဝနားတွင် စ်ပတ်နီးပါးကျောက်ချနားကာ ငါးဖမ်းလှေများကို  ခေါ်ယူပြီး ပိုက်ဆံတောင်းခဲ့ကြောင်း သူက ဆက်ပြောသည်။

"အခုတကြိမ်ပဲမဟုတ်ဘူး။ နှစ်ကြိမ်ရှိပြီ  ဖမ်းတာမျိုးတော့မဟုတ်ဘူး။ သူတို့က ဆွဲပိုက်ဆွဲနေတဲ့ ဘုတ်တွေကို ခေါ်ပြီး သူတို့က ပိုက်ဆံတောင်းတယ် လက်နက်ပါတော့ ကြောက်ပြီး ပေးရတာပေါ့"ဟု ပြောသည်။

ယခုကဲ့သို့ ရေတပ်သင်္ဘောက ငွေတောင်းမှုမှာ စစ်ကောင်စီတက်လာပြီးနောက်ပိုင်းတွင် ပြန်ပေါ်လာသဖြင့် တာဝန်ရှိသူများအနေဖြင့် စိစစ်ဖြေရှင်းသင့်သည်ဟု ဒေသအတွင်းက နိုင်ငံရေးသမားတစ်ဦးက ပြောသည်။

နိုင်ငံရေး၊ လှုမှုရေး နှင့် ကုန်စျေးနှုန်းမြင့်တက်မှုများကြား ခက်ခက်ခဲခဲ ရုန်းကန်နေရသည့် ရခိုင် ရေလုပ်သားများကို ခေါ်ယူဖမ်းဆီးကာ ငွေကြေးတောင်းခံနေမှုကြောင့် ငါးဖမ်းထွက်ရန် စိုးရိမ်မှုများရှိပြီး နေ့စဉ်လူမှုဘဝကိုပါ ထိခိုက်မှုများရှိနေကြောင်း ငါးဖမ်းသမားများက ပြောသည်။ (NN-7)

(ဓာတ်ပုံ- ဒေသခံ ရေလုပ်သားများထံက ငွေကြေးကောက်ခံနေသည့် ရေတပ်သင်္ဘောကို တွေ့ရစဉ်)

ဆက်စပ် သတင်းများ