တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

(၈၃) နှစ်မြောက်ဆရာတော်ဥတ္တမနေ့အခမ်းအနား ထိုင်းနိုင်ငံအယုဒ္ဓယမြို့တွင်ကျင်းပ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 3.5k

နိရဉ္စရာ၊ စက်တင်ဘာ ၉/၂၀၂၂

(၈၃) နှစ်မြောက် ဆရာတော်ဥတ္တမနေ့အခမ်းအနားကို  ရခိုင်ကျောင်းသားရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) ASMA မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မဟာချူလာလောင်ကွန်း တက္ကသိုလ်တွင် ကျင်းပခဲ့သည်ဟု သတင်းရရှိသည်။

အခမ်းအနားကို ရခိုင်ရဟန်းတော်များနှင့်အတူ ဗမာရှမ်းမွန် ထားဝယ်ပအိုဝ်းကရင် နှင့် ပလောင် တိုင်းရင်းသား ကျောင်းသားရဟန်းတော်များလည်း တက်ရောက်ခဲ့ကြသည်။

ဆရာတော် အရှင်ဦးဥတ္တမအား ဂုဏ်ပြုပူဇော်သည့်အနေဖြင့်  လွမ်းသူပန်းခွေများချခဲ့ခြင်းစကားပြောစွမ်းရည်ပြိုင်ပွဲ ထည့်သွင်းကျင်းပခြင်း၊ ဆရာတော်၏ မြန်မာပြည်အတွက် ကိုယ်ကျိုးစွန့်လွတ် အနစ်နာခံ စွမ်းဆောင် ကြိုးပမ်းမှုသမိုင်းနှင့် ပတ်သက်ပြီး အမှာစကားများ ပြောကြားခြင်း၊ ရခိုင်အမျိုးသားရိုးရာ အကများဖြင့်လည်းဖြေဖျော်ခြင်းစသည့် ကဏ္ဍများကိုလည်း ထည့်သွင်းကျင်းပခဲ့သည်ဟု သိရသည်။

မဟာချူလာလောင်ကွန်းတက္ကသိုလ်၌ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ဌာနဆိုင်းရာလူကြီးများက  ယနေ့ အခမ်းအနားတွင် နိုင်ငံအသီးသီးမှ တက်ရောက် ပညာသင်ကြားနေကြသော ရဟန်းတော်နှင့် သီလရှင် ကျောင်းသား ကျောင်းသူအပါး(၅၀၀) ကျော်အားလည်း ဆွမ်းခဲဖွယ်ဘောစဉ်အဟာရများ ဆက်ကပ်လှူဒါန်းခြင်းများကို ပြုလုပ်ခဲ့ကြသည်ဟု အခမ်းအနားကို တက်ရောက်ခဲ့သည့် ရဟန်းတော် တစ်ပါးက မိန့်ကြားသည်။

ဆက်စပ် သတင်းများ